ပရိသတ်ကြီးရေ ပါးဖောင်းဖောင်းလေးနဲ့ စကားမပီမသ ပြောတက်နေပြီး ချစ်စရာကောင်းတဲ့ ကလေးသရုပ်ဆောင်ဘဝကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဝါဆိုမိုးဦးပဲဖြစ်ပါတယ်။ ဝါဆိုက အခုလက်ရှိမှာတော့ ဗီဒီယိုဇာတ်ကားတွေသာမကပဲ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း များစွာပါဝင်သရုပ်ဆောင်နေရတဲ့ သူလေးပါ။ သူမရဲ့ တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို များစွာရရှိထားတာလည်းဖြစ်ပါတယ်......။

Photo credit - Phyo Layy
Photo credit - Phyo Layy

ဝါဆိုက တောင့်တင်းလှပတဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်ထားပြီး ဖက်ရှင်တွေကိုလည်း လိုက်ဖက်ညီညီဝတ်ဆင်ကာ အမြဲကြည့်ကောင်းနေသူဖြစ်တာကြောင့် ပုရိသယောကျာ်းလေး ပရိသတ်တွေသာမကပဲ မိန်းကလေးပရိသတ်တွေကပါ အားကျချစ်ခင်နေကြတာပဲဖြစ်ပါတယ်။ ဝါဆိုက အဆိုတော် ဖြိုးလေးနဲ့လည်း နားလည်မှုအပြည့်ရှိတဲ့ အချစ်ရေးလေးတစ်ခုကို တည်ဆောက်ထားကြပြီး အမြဲပျော်ရွှင်စရာကောင်းနေတာဖြစ်လို့ ပရိသတ်တွေကလည်း အားကျနေကြတာပါနော်...........။

Photo credit - Phyo Layy
Photo credit - Phyo Layy
Photo credit - Phyo Layy

ယနေ့မှာတော့ ဝါဆိုက ချစ်သူဖြိုးလေးရိုက်ပေးထားတဲ့ အမိုက်စားပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလာတာပဲဖြစ်ပါတယ်။ ပုံလေးတွေအပြင် " နေရောင်ခြည်အောက်မှာ မေမြို့ရဲ့ရာသီဥတုလေးနဲ့ အိမ်နေရင်း စပန့်ဝမ်းဆက်လေးကိုဝတ် စာအုပ်လေးဖတ်ရင်း အပန်းဖြေရတာ စိတ်အေးချမ်းလိုက်တာ " ဆိုတဲ့ စာသားလေးကိုပါ ရေးသားထားတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်............။

Photo credit - Phyo Layy
Photo credit - Phyo Layy
Photo credit - Phyo Layy

Photo credit - Phyo Layy

Source - Warso Moe Oo's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။