ပရိသတ်ကြီးရေ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားတဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ကတော့ သူမရဲ့အနုပညာမျိုးဆက်သစ်လေးဖြစ်တဲ့ တူမလေး မေတိုးခိုင်ကို အနုပညာလမ်းကြောင်းပေါ်မှာ ရပ်တည်နိုင်အောင ်ကူညီပံ့ပိုးပေးနေတာလည်းဖြစ်ပါတယ်။ မေတိုးခိုင်က အဒေါ်ဖြစ်သူ အူဝဲရဲ့ လမ်းညွှန်ပြသမှုအောက်မှာ အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေပြီး ပရိသတ်အားပေးမှုကို တခဲနက်ရရှိနေတဲ့ သူလည်းဖြစ်ပါတယ်.......။ 

Photo credit - May Toe Khine's facebook page
Photo credit - May Toe Khine's facebook page

မေတိုးခိုင်က ကြော်ငြာတွေနဲ့ photo shootingတွေ အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ရိုက်ကူးနေပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင်တွေကပါ အားပေးချစ်ခင်နေကြတာပဲဖြစ်ပါတယ်။ ဒါ့အပြင် မေတိုးခိုင်က ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ပိန်ပါးကျစ်လစ်တဲ့ သေးသေးသွယ်သွယ် ကိုယ်ခန္ဓာလေးကြောင့် ပုရိသယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကိုလည်း များစွာရရှိထားတဲ့ သူလေးပါနော်.....။

Photo credit - May Toe Khine's facebook page
Photo credit - May Toe Khine's facebook page

မကြာသေးမီအချိန်က တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး မေတိုးခိုင်က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ပိုစ့်တစ်ခုကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ရိုးရှင်းလှပတဲ့ ဖက်ရှင်လေးကို ဝတ်ဆင်ကာ ချစ်စရာကောင်းတဲ့ ပိုစ့်လေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ကဲ...ချစ်ရတဲ့ ပရိသတ်တွေလည်း မေတိုးခိုင်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်.......။ 

Photo credit - May Toe Khine's facebook page
Photo credit - May Toe Khine's facebook page

Source & Photo credit - May Toe Khine's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။