နှစ်လိုဖွယ်အပြုံးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးအပြင် ပိန်ပါးသွယ်လျတဲ့ သေးသေးသွယ်သွယ် ခန္ဓာကိုယ်လေးကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ညှို့ယူဖမ်းစားထားနိုင်တဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ယုသန္တာတင်ပဲဖြစ်ပါတယ်။ သူမက အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်ပြီး ဗီဒီယိုဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်ကာ တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေ အသိအမှတ်ပြုခြင်းကို ခံရတဲ့ သူလေးပါ.....။

Photo credit - Yu Thandar Tin's FB acc
Photo credit - Yu Thandar Tin's FB acc

ယုသန္တာတင်က နောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေပြီး ကြော်ငြာတွေနဲ့ မဂ္ဂဇင်းကာဗာတွေကိုလည်း လက်ခံရိုက်ကူးနေရတာလည်းဖြစ်ပါတယ်။ သူမက အားလပ်တဲ့ အချိန်လေးတွေမှာလည်း အပျင်းပြေ Tiktokဗီဒီယိုလေးတွေနဲ့ အလန်းစားပုံရိပ်လေးတွေကို ရိုက်ကူးနေပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ မကြာခဏဆိုသလို တင်ပေးလေ့ရှိနေတာပါ ။ ယနေ့မှာလည်း မင်းသမီးချောလေး ယုသန္တာတင်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ ပိုစ့်တစ်ခုတင်ပေးလာတာပါနော်.....။

Photo credit - Yu Thandar Tin's FB acc
Photo credit - Yu Thandar Tin's FB acc

ပရိသတ်အချစ်တော်မလေး ယုသန္တာတင်က " ဟဲ့ ယောကျ်ားလေး version က ဒီရုပ်လား" ဆိုကာ သူမရဲ့ ယောကျာ်းလေးရုပ်ပြောင်းထားတဲ့ ပုံရိပ်လေးကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ပုံလေးထဲမှာ မမှတ်မိနိုင်လောက်အောင်ကို ပြောင်းလဲသွားတာ ဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ယုသန္တာတင်ရဲ့ ယောကျာ်းလေးရုပ်မှာ ဘာတွေပြောင်းလဲသွားလဲဆိုတာကို commentမှာ ရေးသားခဲ့ဖို့ တောင်းဆိုလိုက်ပါတယ်နော်......။

Photo credit - Yu Thandar Tin's FB acc
Photo credit - Yu Thandar Tin's FB acc

Source & Photo credit - Yu Thandar Tin's FB acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။