ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အပြီးမသတ်နိုင်ခဲ့တဲ့ ကမ္ဘာကျော် အဆောက်အအုံတွေနဲ့ ပတ်သက်ပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီအဆောက်အအုံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "National Monument Of Scotland" စကော့တလန် အမျိုးသား အဆောက်အအုံအကြောင်းကို ဖော်ပြပေးသွားမှာပါနော်။ စကော့တလန် နိုင်ငံ၏ အမျိုးသား အဆောက်အအုံဟာ အီဒင်ဘာ့ခ်မြို့ရှိ ကာလ်တန်တောင်ထိပ်တွင် မြင့်မားစွာ တည်ရှိနေပါတယ်။ 

photo credit pngtree

ထိုအဆောက်အအုံဟာ အများမျှော်လင့်ခဲ့တဲ့ အမျိုးသား ရတနာ ပစ္စည်းတစ်ခုထက် စကော့တလန်ရဲ့ ရှက်ဖွယ် အဆောက်အအုံတစ်ခုလို့ မကြာခဏ ရည်ညွှန်းပြောဆိုခဲ့ကြပါတယ်။ တည်ဆောက်မှု မပြီးဆုံးခဲ့တဲ့ ထိုအဆောက်အအုံကို အရှက်ရဖွယ် တစ်ခုလို့ ဆိုခဲ့ကြတာပါ။ ထိုအဆောက်အအုံဟာ နပိုလီယံစစ်ပွဲကာလအတွင်း ကျဆုံးခဲ့သော စစ်သားများနှင့် သေဆုံးခဲ့တဲ့ သင်္ဘောသားများအတွက် အထိမ်းအမှတ်တစ်ခုအဖြစ် ကျန်ရှိနေကာ တည်ဆောက်မှုကတော့ ယခုအချိန်ထိ အပြီးမသတ်နိုင်သေးတာ ဖြစ်ပါတယ်။

photo credit pngtree

အဆောက်အအုံရဲ့ အောက်ခံပန္နက်ကို ၁၈၂၄ ခုမှာ ချခဲ့ပါတယ်။ သို့သော် ၁၈၂၉ ခုနှစ်မှာ ပြည်သူများရဲ့ ငွေကြေး ထောက်ပံ့မှု ပြတ်လတ်ခဲ့သဖြင့် တည်ဆောက်မှု လုပ်ငန်းများ လျင်မြန်စွာ ရပ်ဆိုင်းခဲ့ပါတယ်။ အဆောက်အအုံကြီး အပြီးသတ်နိုင်ရန် ကြိုးပမ်းမှုများစွာရှိခဲ့ပေမယ့် ယခုထိ အပြီးမသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ အထိသာ တည်ဆောက်နိုင်ခဲ့မှာဆိုလျှင် စကော့တလန် အမျိုးသား အဆောက်အအုံဟာ ဂရိနိုင်ငံ အေသင်မြို့ရှိ ပင်သာနွန်နှင့် တူညီမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ တိုင် ၁၂ တိုင်ကိုသာ ပရိသတ်ကြီး မြင်တွေ့ကြရမှာပါနော်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။