ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ထူးခြားဆန်းပြားမြို့တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Holland's Floating Neighborhoods" ရေမျောမြို့တော် အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံ မြို့တော် အမ်စတာဒမ်အနီးရှိ "IJburg" မြို့ဟာ ရေကန်တစ်ခုအတွင်း တည်ရှိနေကာ ရေပေါ်အိမ်များ ဆောက်လုပ်ထားတဲ့ မြို့ဖြစ်ပါတယ်။ ထိုမြို့ဟာ အုတ်ကျောက်များဖြင့် တည်ဆောက်ရန် စီမံကိန်းချဲခဲ့တဲ့ မြို့တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ ရေကြောင်းနှင့် ဆက်နွယ်တဲ့ လူမှု အသိုက်အဝန်းများ တိုးတက်လာချိန် မြေပြင်ပေါ်မှာ အဆောက်အအုံများ ပြည့်ကျပ်လာမှုကို လျှော့ချရန်နှင့် ရေပေါ်ကမ္ဘာငယ်များ ဖန်တီးရန် ကြံရွယ်ခဲ့ကြတယ်လို့ ပြောရမှာပါ။
သမရိုးကျ လှေအိမ်များနှင့် မတူညီဘဲ ရေပေါ်အိမ်များကို ကြီးမားသော ကွန်ကရစ်ပြားများပေါ်မှာ တည်ဆောက်ကာ ရေမြှုပ်များကို ရေမှာ မြုပ်နေတဲ့ တိုင်များမှာ ကွင်းတွေနှင့် တွဲဆက်ခဲ့ကြပါတယ်။ ထို့ကြောင့် ထိုအိမ်များဟာ ရေအတက် အကျနှင့်အတူ ရွေ့လျားနိုင်ကာ ပြိုလဲမှာကိုလည်း စိုးရိမ်ရန် မလိုပါတော့ ဖြစ်ပါတယ်။ ရေပေါ်အိမ်များဟာ ရေလှိုင်းဒဏ်ကို ခံနိုင်ကြကာ ရေဝင်ပေါက်မရှိသဖြင့် နစ်မြုပ်ရန်လည်းမရှိပါဘူး။
ထိုရေပေါ်လူနေအိမ်များကို ဒတ်ချ် သင်္ဘောကျင်းများမှာ တည်ဆောက်ခဲ့ကာ တွန်းသင်္ဘောများဖြင့် သတ်မှတ်ထားတဲ့ နေရာသို့ ယူဆောင်လာကြပြီး ဆိပ်ခံတံတားများမှာ တွဲဆက်ချည်နှောင်ထားကြတာ ဖြစ်ပါတယ်။ သို့သော် ခေတ်ရှေ့ပြေး ရေပေါ် အိမ်များဟာ ဒတ်ချ်ကျေးရွာများမှာသာ ဖွံ့ဖြိုးခဲ့ပါတယ်။ မြို့ကို တည်ထားတဲ့ တူးမြောင်းများကို ၁၄ ရာစုမှာ မြေဆွေးစိုင်များ သယ်ယူရန် တူးဖော်ခဲ့ကြတာပါ။ ယခုအခါမှာတော့ ထိုမြေဆွေးစိုင်များပေါ်မှာ စက်ဘီးစီးခြင်း၊ စကိတ်စီးခြင်းတွေကို ပြုလုပ်နိုင်ကြပါတယ်။ မြို့အတွင်း တစ်နေရာမှ တစ်နေရာသို့ တံတားများဖြင့် ဆက်သွယ်ထားသကဲ့သို့ လျှပ်စစ် မော်တော်ဘုတ်များဖြင့်လည်း သွားလာနိုင်ကြတာ ဖြစ်ပါတယ်။
source မောင် သာ ရှေးဟောင်းသုတေသန
photo credit pngtree
သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။