ပရိသတ်ကြီးရေ လိင်ခွဲစိတ်မှုပြုလုပ်ထားပြီး မိန်းကလေးတစ်ယောက်လို ပြစ်ချက်မရှိလှနေတဲ့ သူလေးကတော့ မိတ်ကပ်ဖန်တီးရှင် မထက်ပဲဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်စွာလျှောက်လှမ်းနေတဲ့ မထက်က ဝါရင့် အနုပညာရှင်များနဲ့အတူလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးကာ ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ မထက်က သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာတွေဖြစ်ကြတဲ့ Facebook , Instagramစတာတွေမှာ မကြာခဏဆိုသလို တင်ပေးလေ့ရှိသူလည်းဖြစ်ပါတယ်......။

Photo credit - Ma Htet's facebook account
Photo credit - Ma Htet's facebook account

ယနေ့မှာတော့ မထက်က သရုပ်ဆောင် မင်းသားချော အောင်ရဲလင်းကို မွေးနေ့ဆုမွန်ကောင်းတောင်းပေးလာတာပဲဖြစ်ပါတယ်။ သရုပ်ဆောင် မင်းသားချော အောင်ရဲလင်းကတော့ မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ်အားပေးဝန်းရံခြင်းကို အပြည့်အဝရရှိထားတဲ့ သူပဲဖြစ်ပါတယ်။ အောင်ရဲလင်းက ဗီဒီယိုဇာတ်ကားတွေကို များစွာရိုက်ကူးခဲ့ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်ရင်ထဲ နေရာတစ်ခုကို အခိုင်အမာရရှိထားတဲ့ သူလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ နည်းပါးနေပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုတွေကတော့ ယနေ့တိုင်ရှိနေဆဲပဲဖြစ်ပါတယ်....။ 

Photo credit - Ma Htet's facebook account
Photo credit - Ma Htet's facebook account
Photo credit - Ma Htet's facebook account

မထက်က အောင်ရဲလင်းနဲ့အတူ အလုပ်အတူတူတွဲလုပ်ခဲ့ရတဲ့ ပုံလေးတွေကို တင်ပေးလာရင်း " Happy Birthday မင်းသား အလုပ်လုပ်ပေးခွင့်ရချိန်တိုင်းအရာရာနားလည်မှု့စာနာမှု့အမြဲရှိပေးလို့ အမြဲလေးစားရပါတယ်....ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ " ဆိုတဲ့ စာသားလေးကိုလည်း တင်ပေးလာတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေလည်း မင်းသားချောလေး အောင်ရဲလင်းရဲ့ မွေးနေ့ကို ဆုတောင်းစကားပြောပေးခဲ့ဖို့ တောင်းဆိုလိုက်ပါတယ်နော်.........။

Photo credit - Ma Htet's facebook account
Photo credit - Ma Htet's facebook account
Photo credit - Ma Htet's facebook account

Source & Photo credit - Ma Htet's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။