ပရိသတ်ကြီးရေ အနုပညာလမ်းကြောင်းပေါ်ကို ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနဲ့အတူ ခက်ခက်ခဲခဲရောက်ရှိလာခဲ့တဲ့ သူကတော့ အဆိုတော ဖြိုးပြည့်စုံပဲဖြစ်ပါတယ်။ သီချင်းပြိုင်ပွဲတွေ များစွာကို ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဖြိုးပြည့်စုံက ယခုလက်ရှိမှာတော့ သီချင်းအယ်ဘမ်လ်များစွာကို ထွက်ရှိထားတဲ့ သူလည်းဖြစ်ပါတယ်။ ဖြိုးပြည့်စုံက သူမတူတဲ့ အသံနဲ့ လေးလေးနက်နက်အနှစ်သာရရှိလွန်းတဲ့ သီချင်းတွေကို သီဆိုလေ့ရှိတာကြောင့် လူငယ်တွေသာမကပဲ လူကြီးတွေကပါ အကြိုက်တွေ့နေကြတာပဲဖြစ်ပါတယ်.....။

Photo credit - " Phyo Pyae Sone - ဖြိုးပြည့်စုံ " FB page
Photo credit - " Phyo Pyae Sone - ဖြိုးပြည့်စုံ " FB page

ဖြိုးပြည့်စုံက လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေပြီး တေးသီချင်းအသစ်တွေ ထွက်ရှိဖို့အတွက်လည်း ပြင်ဆင်နေတာကိုလည်း တွေ့ရပါတယ်။ မကြာခဏဆိုသလိုလည်း ဖြိုးပြည့်စုံက အနုပညာလှုပ်ရှားမှုတွေနဲ့ နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတာကြောင့် ပရိသတ်တွေကလည်း စောင့်မျှော်အားပေးနေကြတာပဲဖြစ်ပါတယ်......။

Photo credit - " Phyo Pyae Sone - ဖြိုးပြည့်စုံ " FB page
Photo credit - " Phyo Pyae Sone - ဖြိုးပြည့်စုံ " FB page

ယနေ့မှာတော့ ဖြိုးပြည့်စုံက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ မွေးနေ့ရက်မြတ်မှာ သူကိုယ်တိုင်ပုံဖော် ဆွဲသားထားတဲ့ Digital artလေးအပြင် "ပျော်စရာမွေးနေ့ဖြစ်ပါစေ အမေစု စိန်ရတု မွေးနေ့ အဖြစ် အိမ်မှာထားဖို့ ပုံတူ Digital art လေးနဲ့ (ကိုယ့်နည်းကိုယ့်ဟန် နဲ့ ဂုဏ်ပြု အမှတ်တရ) " ဆိုတဲ့ စာသားလေးကိုလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလာတာပဲဖြစ်ပါတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေလည်း ဖြိုးပြည့်စုံရဲ့ မွေးနေ့ဆုတောင်းလေးကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.....။

Photo credit - " Phyo Pyae Sone - ဖြိုးပြည့်စုံ " FB page
Photo credit - " Phyo Pyae Sone - ဖြိုးပြည့်စုံ " FB page

Source & Photo credit - " Phyo Pyae Sone - ဖြိုးပြည့်စုံ " FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။