ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ရှေးဟောင်းခရစ်ယာန် ဘုရားကျောင်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Aqaba Church" အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ထိုဘုရားကျောင်းဟာ အပျက်အစီးများသာ ကျန်ရှိနေတာ ဖြစ်ပါတယ်။ အပျက်အစီးများသာ ကျန်ရှိနေတဲ့ ထိုဘုရားကျောင်းဟာ ယခုအချိန်ထိ သမိုင်းဝင်လက်ရာမြောက် အဆောက်အအုံတစ်ခုအဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားပေးပါဦးနော်။

photo credit pngtree

ဂျော်ဒန်နိုင်ငံ၊ Aqaba တွင်တည်ရှိပြီး ခရစ်နှစ် ၂၉၃ ခုနှစ်နှင့် ၃၀၃ ခုနှစ်အကြားမှာ တည်ဆောက်ခဲ့ပါတယ်။ Aqaba ဟာ နှစ်ပေါင်း ထောင်ပေါင်း များစွာ ပျောက်ကွယ်နေခဲ့ရာမှ ရှေးဟောင်းသုတေသနအဖွဲ့တစ်ခုက ၁၉၉၈ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ယနေ့တိုင် ကျန်ရှိနေတဲ့ ခရစ်ယာန် ဘုရားကျောင်း အကြွင်းအကျန် နေရာများအနက် သက်တမ်းအရှည်ဆုံးလို့ ယူဆကြသော Aqaba ဟာထိုနေရာမှာ တည်ဆောက်ခဲ့သော ဘုရားကျောင်းတစ်ခု ဖြစ်ပါတယ်။

photo credit pngtree

ရှေးဟောင်းသုတေသန အဖွဲ့က ထိုနေရာကို တူးဖော်ခဲ့စဉ်က ရွှေ လက်ဝါးကပ်တိုင် တင်ထားတဲ့ အုတ်ဂူများ၊ ဖန်မီးအိမ်များ၊ ရုပ်ကြွင်း ၂၀ ကျော်ရှိသည့် သင်္ချိုင်းတစ်ခုနှင့် ဒင်္ဂါးများထည့်ထားတဲ့ သေတ္တာတစ်လုံးကို တွေ့ရှိခဲ့ပါတယ်။ သုတေသီများက Aqaba ဘုရားရှိခိုးကျောင်းဟာ မူလ တည်ဆောက်ခဲ့စဉ်က ဝတ်ပြုသူ ၆၀ ကို လက်ခံနိုင်သော အကျယ်အဝန်းရှိမယ်လို့ ခန့်မှန်းခဲ့ကာ ခရစ်နှစ် ၃၆၃ ခုနှစ်မှာ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ကြောင်း ယုံကြည်ကြပါတယ်။ ဘုရားကျောင်းကို ပြန်လည်တည်ဆောက်ခဲ့ပြီးနောက် ဝတ်ပြုသူ ဦးရေကို မူလကျောင်းထက် နှစ်ဆ လက်ခံနိုင်ခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။