ပရိသတ်တွေကချစ်စနိုးလေးနဲ့ ချစ်သက်လို့ခေါ်ဝေါ်ရတဲ့ အကယ်ဒမီ မင်းသမီးချော​လေးသက်မွန်မြင့်ဟာဆိုရင် ချင်းတိုင်းရင်းသူလေးလည်းဖြစ်လို့ အေးချမ်းပြီးရိုးရှင်းတဲ့အလှအပတွေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ လက်တလောမှာတော့ သက်မွန်က အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လှုပ်ရှားပြီး ချစ်ရတဲ့မိသားစုနဲ့အတူအေးချမ်းပျော်ရွှင်စွာ နေထိုင်နေတာပဲဖြစ်ပါတယ်.....။

Photo credit - Amazing Grace
Photo credit - Amazing Grace

သက်မွန်က သားတစ်ယောက် သမီးတစ်ယောက်ကိုမွေးဖွားထားပြီး အားချစ်နဲ့လဝန်းလေးကလည်း သွက်သွက်လပ်လပ်နဲ့ ချစ်မွှေးပါကြတဲ့ကလေးလေးတွေဖြစ်လို့ ပရိသတ်တွေကအရမ်းချစ်ကြပါတယ်။ သက်မွန်ရဲ့ ခင်ပွန်းကလည်း ချစ်ဇနီးအပေါ် နားလည်မှုအပြည့်ပေးပြီး မိသားစုအားကိုးရတဲ့အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်လို့ ချစ်သက်မိသားစုလေးက အားကျဖို့ကောင်းပါတယ်နော်.....။

Photo credit - Amazing Grace
Photo credit - Amazing Grace

သက်မွန်က ယခုလက်မှာတော့ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ ပိုစ့်တစ်ခုတင်ပေးလါတာပဲ ဖြစ်ပါတယ်။ စိမ်းစိုလှပတဲ့ ဝါးတောကို နောက်ခံထားကာ ချစ်စရာကောင်းတဲ့ ပိုစ့်လေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ကြည်လင်အေးချမ်းပြီး ရိုးရှင်းတဲ့အပြင်အဆင်လေးနဲ့ အရမ်းလှနေတဲ့ သက်မွန်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်.....။

Photo credit - Amazing Grace
Photo credit - Amazing Grace

Photo credit - Amazing Grace

Source - Thet Mon Myint's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။