သရုပ်ဆောင် မင်းသမီးချော တစ်ယောက်ဖြစ်တဲ့ စိုးပြည့်သဇင် ကတော့ အနုပညာလောကမှာ အချိန်အတော်ကြာထိ ရပ်တည်နေပြီး အောင်မြင်မှုများစွာ သိမ်းပိုက်ရရှိသူလည်းဖြစ်ပါတယ်။ သူမက ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်တက်တာကြောင့် ဗီဒီယို ဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း များစွာ ရိုက်ကူးနေရပြီး အကယ်ဒမီ ရွှေစင်ရုပ်ထုကြီးကိုလည်း ထိုက်တန်စွာ ရရှိထားတဲ့ သူတစ်ယောက်ပါနော်......။

Photo credit - Soe Pyae Thazin's FB account
Photo credit - Soe Pyae Thazin's FB account

ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း ဆက်တိုက် ရိုက်ကူးနေရပြီး သူမရဲ့ အနုပညာငွေကြေးလေးနဲ့ မိဘတွေကို လုပ်ကျွေးပြုစုနေတဲ့ သမီးကောင်းရတနာလေးဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများသာမကပဲ အနုပညာရှင် ညီအကို မောင်နှမတွေရဲ့ ချစ်ခင်ခြင်းကိုလည်း အပြည့်အဝရရှိသူလည်း ဖြစ်ပါတယ် ။ စိုးပြည့်က သူမရဲ့ လှုပ်ရှားမှုတိုင်းကို လူမှုကွန်ယက် စာမျက်နှာမှာ အမြဲလိုလိုတင်ပေးလေ့ရှိပြီး အခုလက်ရှိမှာလည်း ပရိသတ်တွေ အံ့အားသင့်သွားစေမယ့် ပုံလေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်....။

Photo credit - Soe Pyae Thazin's FB account
Photo credit - Soe Pyae Thazin's FB account

လတ်တလော ဖေ့ဘွတ်စာမျက်နှာမှာ ခေတ်စားနေတဲ့ Face Appနဲ့ ပြုလုပ်ထားတဲ့ ယောကျာ်းလေးရုပ် version လေးကို ပြုလုပ်ပြီး " ညီမလေးရင်ခွင်ထဲကိုကြီးလာမလို့..မေတ္တာလမ်းကလာရမလား..သစ္စာလမ်းကလာရမလား. "ဆိုပြီး ပရိသတ်တွေကို စနောက်လာတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေလည်း စိုးပြည့်ရဲ့ ပုံလေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။

Photo credit - Soe Pyae Thazin's FB account
Photo credit - Soe Pyae Thazin's FB account

Source & Photo credit - Soe Pyae Thazin's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။