အကယ်ဒမီ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသားချော နေတိုးကတော့ ရုပ်ရည်ရူပါ ချောမောပြေပြစ်တဲ့အပြင် သရုပ်ဆောင်ပိုင်းမှာလည်း သူမတူအောင် ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ် ။ ဗီဒီယို၊ရုပ်ရှင်ဇာတ်ကားနဲ့ ကြော်ငြာများစွာ ရိုက်ကူးအောင်မြင်ခဲ့တဲ့ နေတိုးက လက်ရှိမှာလည်း မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားစာရင်းမှာ ထိပ်ဆုံးကရပ်တည်နေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း နေတိုးက ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေတာပါ.....။

Photo credit - Nay Toe's facebook page
Photo credit - Nay Toe's facebook page

နေတိုးက ရိုးသားဖြူစင်တဲ့ ရခိုင်တိုင်းရင်းသားလေးဖြစ်ပြီး အားလုံးကို ဖော်ဖော်ရွေရွေနဲ့ ရင်းနှီးစွာဆက်ဆံတတ်တဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ နေတိုးက အသက်တွေဘယ်လောက်ကြီးကြီး အမြဲနုပျိုပြီး ချောမောခန့်ညားနေဆဲ ဖြစ်ပါတယ်။ ဘာအပြစ်မှပြောစရာမလိုအောင် အဘက်ဘက်က ပြီးပြည့်စုံတဲ့ နေတိုးကိုတော့ ပရိသတ်တွေအားလုံးက ဝိုင်းချစ်နေကြတာဖြစ်ပါတယ်......။

Photo credit - Nay Toe's facebook page
Photo credit - Nay Toe's facebook page
Photo credit - Nay Toe's facebook page

အမြဲစနောက် ပျော်ရွှင်နေတက်တဲ့ နေတိုးက ယခုမှာလည်း သူရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ " ကဲ ..ပရိသတ်များအားလုံး သူ့နာမည်ကို လွန်ခဲ့တဲ့(၁၄)နှစ်ခန့်က "နှင်းဆီရင်ခွင်" အငြိမ့်ထဲမှာပါဝင်ခဲ့တဲ့ ဇာတ်​ကောင်တစ်ခုရဲ့အမည် (ခင်ပတ်ပက်စက်စက်တိုး)လို့အမှတ်တရပေးလိုက်ပါတယ် ပရိသတ်များအားလုံးစိတ်ချမ်းသာကိုယ်ကျန်မာပြီး​ပျော်ရွှင်ကြပါ​စေရှင် .ဟုတ်ပါဘူး....ခင်ဗျာ.." ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်စရာကောင်းတဲ့ မိန်းကလေးပုံစံလေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်.....။

Photo credit - Nay Toe's facebook page
Photo credit - Nay Toe's facebook page
Photo credit - Nay Toe's facebook page

Source & Photo credit - Nay Toe's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။