Six pack body အမိုက်စားနဲ့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲ မော်ဒယ်လ်သရုပ်ဆောင် ပိုင်တံခွန်ကိုအထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်။ ချောမောခန့်ညားပြီး ယောကျာ်းပီသတဲ့ အမူအရာတွေကြောင့် အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုများစွာကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ စတိုင်အမိုက်စားနဲ့ ဖက်ရှင်အလန်းစားတွေကိုဝတ်ဆင်သူဖြစ်ပြီး သရုပ်ဆောင်ပိုင်နိုင်တာကိုလည်း သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေကိုလည်း ပရိသတ်တွေက အကြိုက်တွေ့နေကြတာပါနော်......။

Photo credit - May Chit Thway 's FB account
Photo credit - May Chit Thway 's FB account

ပိုင်တံခွန်ကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ ကောင်မလေးတွေနဲ့တွဲရိုက်ထားတဲ့ပုံလေးတွေတင်ကာ ပရိသတ်တွေကို အမြဲစနောက်တက်တဲ့ သူလေးလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုင်တံခွန်က အစ်မဖြစ်သူရဲ့ ဆေးအကြီးကြီးထိုးခြင်းကို ခံလိုက်ရတာပဲ ဖြစ်ပါတယ်......။

Photo credit - May Chit Thway 's FB account
Photo credit - May Chit Thway 's FB account
Photo credit - May Chit Thway 's FB account

လူမှုကွန်ယက် စာမျက်နှာထက်မှာ ခေတ်စားနေတဲ့ Face Appလေးနဲ့ ပိုင်တံခွန်ပုံကို မိန်းကလေးပုံစံပြောင်းကာ စနောက်ဆေးထိုးလိုက်တာပဲ ဖြစ်ပါတယ်။ ယောကျာ်းပီသပြီး ခန့်ညားလွန်းတဲ့ ပိုင်တံခွန်က ယခုလို မိန်းကလေးပုံစံပြောင်းလိုက်တော့လည်း ချစ်စရာကောင်းလွန်းနေတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ပြီး အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...... ။

Photo credit - May Chit Thway 's FB account
Photo credit - May Chit Thway 's FB account
Photo credit - May Chit Thway 's FB account

Source & Photo credit - May Chit Thway 's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။