ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ စပိန်နိုင်ငံမှ "Julio Iglesias" အမည်ရှိတဲ့ အဘိုးအိုအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထိုအဘိုးအိုဟာ အသက် ၉၀ နှစ်အရွယ် ၂၀၀၅ ခုနှစ်မှာ ဖခင်တစ်ယောက် ဖြစ်လာတာဟာ အံ့သြဖွယ်ကိစ္စတစ်ခုလို့ ပြောရမှာပါ။ သူဟာ ထင်ရှားသော "Iglesias" မိသားစုဝင် အဆိုတော်များရဲ့ ဖခင်ဖြစ်ပြီး သားဖြစ်သူ Julio Iglesias နှင့် မြေးနှစ်ယောက်ဟာ ထင်ရှားသော အဆိုတော်များ ဖြစ်ကြပါတယ်။

photo credit pngtree

သူကတော့ အဆိုတော် တစ်ဦးမဟုတ်ဘဲ စပိန်နိုင်ငံမှ မီးယပ်ရောဂါ ပါရဂူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် မက်ဒရစ်မြို့၊ မိခင်နှင့် ကလေးဆေးခန်းကို ထူထောင်ရန် ကူညီခဲ့တာပါ။ သားသမီးမရနိုင်သူများ၊ မြုံနေသူများနှင့် မိသားစု စီမံကိန်းရေးရာဌာန အကြီးအကဲအဖြစ် ထမ်းဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ ပထမအိမ်ထောင်နှင့် သားနှစ်ဦးရရှိခဲ့ပြီး ၁၉၈၃ ခုနှစ်မှာ ဇနီးနှင့် ကွာရှင်းခဲ့ပါတယ်။

photo credit pngtree

၁၉၉၀ ပြည့်နှစ်မှာ မိမိအသက်အောက် တစ်ဝက်ငယ်သော အမေရိကန်သူ Keith နှင့် လက်ထပ်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ သားတစ်ယောက်ထွန်း ကားခဲ့ပါတယ်။ ထိုအချိန်မှာ Julio Iglesias က ၈၈ နှစ် ၊ Keith က အသက် ၄၀ နှစ်ဖြစ်ပါတယ်။ နောက်တစ်နှစ်ကျော်အကြာမှာတော့ Keithဟာ ကိုယ်ဝန် ထပ်မံရရှိခဲ့ကာ ၂၀၀၅ ခုနှစ် ဒီဇင်ဘာလမှာ Julio Iglesias ဟာ ရုတ်တရက် ကွယ်လွန်ခဲ့ပြီး ခုနစ်လ အကြာမှာ Keithဟာ သမီးမိန်းကလေးတစ်ယောက်ကို ဖွားမြင်ခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။