ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ကမ္ဘာတစ်လွှားရှိ ထူးခြားဆန်းပြား အံ့သြဖွယ်နေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Sac Uayum" စိမ့်တွင်းအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ရေများပြည့်နေတဲ့ စိမ့်တွင်း "cenote" များဟာ ထုံးကျောက် မြေသားများ အားနည်းပြီး ပြိုကျကာ မြေအောက်လိုဏ်ဂူ ဖြစ်ပေါ်လာရာမှ ဖြစ်ပေါ်ခဲ့ကြတာပါ။ မက္ကဆီကို နိုင်ငံ၊ "Yucatan" ကျွန်းဆွယ်မှာ ရှိနေတဲ့ များစွာသော စိမ့်တွင်းများဟာ ခရီးသွားများကို ဆွဲဆောင်လျက်ရှိနေပါတယ်။

photo credit pngtree

ဒါ့အပြင် သေဆုံးခဲ့တဲ့ လူနှင့် တိရိစ္ဆာန်ရုပ်ကြွင်းများရှိတဲ့ Sac Uayum cenote ဟာ အထင်ရှားဆုံးဖြစ်ပါတယ်။ ရှေးဟောင်းမာယာ ခေတ်တည်းက လူများဟာ Sac Uayum နေရာကို ကြောက်ရွံခဲ့ကြပြီး ယခုတိုင် ဒေသခံများက ထိတ် လန့်ကြကာ Sac Uayum အတွင်းသို့ ဘယ်သူမှ မဝင်ရဲတဲ့ နှုတ်ပြောစကားများစွာ ရှိခဲ့ပါတယ်။ သို့သော် ၂၀၁၃ ခုနှစ်မှာ Bradley Russell ဦးဆောင်တဲ့ ရှေးဟောင်း သုတေသန အဖွဲ့တစ်ဖွဲ့ဟာ အများပြောကြတဲ့ အန္တရာယ်များကို ရင်ဆိုင်ကာ စူးစမ်းမှုများ ပြုလုပ်ရန် စိမ့်အတွင်းသို့ ဆင်းခဲ့ကြပါတယ်။

photo credit pngtree

Sac Uayum သင်္ချိုင်းတစ်ခုမဖြစ်ခဲ့ဘူးလို့ ရှေးဟောင်းသုတေသနပညာရှင်များက သိရှိထား ကြပြီး ထိုနေရာကို လူသေ အလောင်းများစွန့်ပစ်တဲ့ နေရာအဖြစ် အသုံးမပြုခဲ့ကြပါဘူး။ လူသေများဟာ တစ်ချိန်ချိန်တွင် ပြန်လည် အသက်ရှင်လာမယ်လို့ မာယာလူမျိုးများရဲ့ယုံကြည်သက်ဝင်မှုအရ လူများကို ယာယီမြှုပ်နှံခဲ့တာ ဖြစ်ကြောင်း ယူဆခဲ့ကြပါတယ်။ ထို့အတူ ပလိပ် ရောဂါ ကူးစက်မှုမဖြစ်စေရန် ပလိပ်ရောဂါကြောင့် သေဆုံးသူများကို တစ်နေရာတည်းမှာ စုပုံမြှုပ်နှံ ခဲ့တာဖြစ်ကြောင်းကိုလည်း ယူဆကြပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။