နှစ်လိုဖွယ်ကောင်းတဲ့အပြုံးအလှပိုင်ရှင်လေးဖြစ်တဲ့ မိုးယုစံကိုတော့ ပရိသတ်ကြီးက အားပေးချစ်ခင်ပြီးသား ဖြစ်မယ်ထင်ပါတယ်။ သရုပ်ဆောင်ရာမှာလည်း ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်နဲ့ သရုပ်ဆောင်တတ်ပြီး ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူ အောင်မြင်မှုများစွာ ရရှိထားသူလေး ဖြစ်ပါတယ်။ ဇာတ်ကားများစွာကို ရိုက်ကူးခဲ့တဲ့သူမက အခုချိန်မှာတော့ သရုပ်ဆောင်အလုပ်ကို ရပ်နားထားပြီး မိသားစုအနဲ့အတူ ပျော်ရွှင်အေးချမ်းစွာ နေထိုင်နေတာကိုလည်း တွေ့ရပါတယ်.....။

Photo credit - Moe Yu San's FB account
Photo credit - Moe Yu San's FB account

မိုးယုက အနုပညာအလုပ်တွေ နည်းပါးနေပေမဲ့လည်း သူမရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်များနဲအတူ ချစ်စရာကောင်းတဲ့ သားသားလေးရဲ့ ပုံလေးတွေကိုပါ ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိနေတာ​ကြောင့် ပရိသတ်တွေကလည်း အားပေးချစ်ခင်နေကြတာ အသေအချာပါပဲနော်. ။ ယနေ့ကျရောက်တဲ့ အဖေများနေမှာတော့ မိုးယုက သူမ ဖခင်ရဲ့ ပုံလေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်.....။

Photo credit - Moe Yu San's FB account
Photo credit - Moe Yu San's FB account

ပုံလေးတွေအပြင် " Happy father's Day တည်ကြည် ခန့်ညားပီး စိတ်ထားအလွန်ကောင်း အေးဆေးနေတတ်ပီး အချက်အပြုတ်အလွန်ကောင်းပီး မိသားစုအပေါ်တာ၀န်ကျေပီး သမီးကနေ ခုမြေးလေးထိ ကိုယ်တိုင်လုပ်ပေး‌တတ်တဲ့အဖေ ဒီနေ့မှာ အဖေတွေအားလုံးကို ဂုဏ်ပြုရင်း မိုးယု ပါးပါးကိုပဲ ကျေးဇူးတင်ကြောင်း ချစ်‌ေြကာင်းပြောချင်ပါတယ် ( ဒါနဲ့မိုးယုပါးပါး‌ချောလားလို့ )" ဆိုပြီး ရေးသားထားတာဖြစ်လို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.....။

Photo credit - Moe Yu San's FB account
Photo credit - Moe Yu San's FB account
Photo credit - Moe Yu San's FB account

Source & Photo credit - Moe Yu San's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။