ပရိသတ်ကြီးရေ အနုပညာလောကမှာ နေရာတစ်ခုရဖို့အတွက် အခက်အခဲများစွာကို ရင်ဆိုင်ကျော်ဖြတ် ကြိုးစားရင်း ရောက်ရှိလာတဲ့ သူကတော့ ဟာသ ဇာတ်ပို့သရုပ်ဆောင် ကိုပေါက်ပဲဖြစ်ပါတယ်။ ကိုပေါက်က သရုပ်ဆောင်အပြင် ကဗျာရေး ဇာတ်ညွှန်းရေး ဒါရိုက်တာအဖြစ်လည်း ရပ်တည်နေသူပါနော်။ ကိုပေါက်က အမြဲစနောက်ပျော်ရွှင်စွာနေတက်ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ဖော်ရွေတဲ့ စကားပြောဆိုပုံတွေကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို များစွာရရှိထားတဲ့ သူလည်းဖြစ်ပါတယ်.........။

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

ကိုပေါက်က အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရရှိထားပြီး အောင်မြင်ရုံသာမကပဲ သာယာပျော်ရွှင်တဲ့ မိသားစုလေးကို ချစ်ရတဲ့ ဇနီးချောလေးနဲ့အတူ တည်ဆောက်ထားပါသေးတယ်။ ဒါ့အပြင ်စကားတက်ပြီး ချစ်မွှေးပါတဲ့ သားသားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတာဖြစ်လို့ ကိုပေါက်တို့ မိသားစုလေးက အမြဲကြည်နှုးစရာကောင်းနေတာပါနော်။ ကိုပေါက်က သူရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ နေ့စဉ်လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မကြာခဏဆိုသလိုတင်ပေးလေ့ရှိသူလည်းဖြစ်ပါတယ်.......။

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

ယနေ့မှာတော့ ကိုပေါက်က ဟာသTiktokဗီဒီယိုတစ်ခုကို သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလာတာပဲဖြစ်ပါတယ်။ Tiktokမှာ ခေတ်စားနေတဲ့ နောက်ခံအသံလေးနဲ့ ကြည့်သူတိုင်းကို ရယ်မောသွားစေအောင် ရိုက်ကူးထားတာဖြစ်ပြီး "ဆိုဒ်က 38 နော် အားလုံးသိအောင် ပြောထားတာ" ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေ ကိုပေါက်ရဲ့ အဆိုပါ Tiktokဗီဒီယိုဖိုင်လေးကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.........။

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

Source & Photo credit - Aung Min Naing's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။