ပရိသတ်ကြီးရေ "အချစ်ဖွဲ့လေညင်း " ဇာတ်လမ်းတွဲလေးမှာ အတွင်းရေးမှူးမလေး ရှေးရေစက်ဆိုတဲ့ အေးဆေးတည်ငြိမ်တဲ့ ကာရိုက်တာလေးနဲ့ ပရိသတ်တွေရဲ့ ရင်ထဲ အချိန်တိုလေးအတွင်း ဝင်ရောက်လာနိုင်ခဲ့တဲ့ သူလေးကတော့ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ခန့်ပဲဖြစ်ပါတယ်။ ခန့်က လေးစုံတွဲဆိုတဲ့ ဇာတ်လမ်းတွဲလေးနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပေမယ့် ပရိသတ်တွေလူသိနည်းခဲ့တာလည်းဖြစ်ပါတယ်.....။

Photo credit - Khant Thiri Zaw's FB account
Photo credit - Khant Thiri Zaw's FB account

ခန့်က ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးနဲ့ ပြစ်ချက်မရှိလှပလွန်းတဲ့ မျက်နှာလေးအပြင် ပိန်ပါးကျစ်လစ်တဲ့ သေးသွယ်သွယ်ကိုယ်ခန္ဓာလေးကြောင့် ပုရိသယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို အပြည့်အဝရရှိထားတဲ့ သူလည်းဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေတဲ့ ခန့်က လတ်တလောမှာတော့ ကြော်ငြာတွေနဲ့ photo shootingတွေကိုလည်း လက်ခံရိုက်ကူးနေရတာလည်းဖြစ်ပါတယ်....။

Photo credit - Khant Thiri Zaw's FB account
Photo credit - Khant Thiri Zaw's FB account

ခန့်က သူမ အားလပ်တဲ့ အချိန်လေးတွေမှာလည်း ချစ်စရာကောင်းတဲ့ အလှပုံရိပ်လေးတွေနဲ့ Tiktokဗီဒီယိုလေးတွေကို ရိုက်ကူးပြီး လူမှုကွန်ယက်စာမျက်နှာကတဆင့်ပရိသတ်တွေဆီကို မျှဝေပေးလေ့ရှိသူလည်းဖြစ်ပါတယ်။ ယနေ့မှာတော့ သည်းယားစရာကောင်းတဲ့ အမူအရာလေးတွေနဲ့ မြင်ရသူတိုင်းက အချစ်ပိုစေမယ့် ဗီဒီယိုလေးတွေကို ရိုက်ကူးပြီး တင်ပေးလာတာပဲဖြစ်ပါတယ်။ ကဲ......ချစ်ရတဲ့ ပရိသတ်တွေလည်း ခန့်ရဲ့ အဆိုပါ ဗီဒီယိုလေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်......။

Photo credit - Khant Thiri Zaw's FB account
Photo credit - Khant Thiri Zaw's FB account

Source & Photo credit - Khant Thiri Zaw's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။