ပရိသတ်ကြီးရေ ပြုံးရယ်လိုက်တိုင်းပေါ်လာတဲ့ ပါးချိုင့်လေးကြောင့် ပရိသတ်တွေ အချစ်ပိုနေကြတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချော အေးမြတ်သူပဲဖြစ်ပါတယ်။ အေးမြတ်သူက အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်ပြီး အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာဆိုရင် ဆယ်စုနှစ်တစ်ခုတိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ အေးမြတ်သူက အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်ခဲ့ပြီး တိကျပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် အကယ်ဒမီရွှေစင်ရုပ်ထုကိုလည်း ထိုက်တန်စွာရရှိထားပါသေးတယ်.....။ 

Photo credit - Aye Myat Thu's FB page
Photo credit - Aye Myat Thu's FB page
Photo credit - Aye Myat Thu's FB page
Photo credit - Aye Myat Thu's FB page

အေးမြတ်သူက တောင့်တင်းလှပပြီး အချိုးအစားပြေပြစ်တဲ့ ကိုယ်ခန္ဓာကောက်ကြောင်းအပြင် ပြစ်ချက်မရှိလှနေတဲ့ သူမရဲ့ မျက်နှာလေးကြောင့် ပုရိသပရိသတ်တွေသာမကပဲ မိန်းကလေးပရိသတ်တွေကပါ အားကျချစ်ခင်နေကြတာပါနော်။ သူမက စကားပြောဆိုပွင့်လင်းပြီး လူတိုင်းကိုဖော်ရွေစွာဆက်ဆံတက်တဲ့အပြင် စိတ်ထားစေတနာလည်း ကောင်းမွန်တာကြောင့် အနုပညာရှင် အချင်းချင်းကပါ အချစ်ပိုနေကြပါသေးတယ်.........။

Photo credit - Aye Myat Thu's FB page
Photo credit - Aye Myat Thu's FB page
Photo credit - Aye Myat Thu's FB page
Photo credit - Aye Myat Thu's FB page

အေးမြတ်သူက ယနေ့မှာတော့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ပိုစ့်တစ်ခုတင်ပေးလာတာပဲဖြစ်ပါတယ်။ " အဖေတိုင်းအတွက် ပျော်ရွှင်ဖွယ်ရာအဖေများနေ့ပါရှင် ကမ္ဘာပေါ် မှာ မမြတ်လေး အချစ်ရဆုံးသောအမျိုးသားကြီး ဘာတွေလုပ်လုပ် ဘယ်လောက်ဆိုးဆိုး ဘယ်လောက်ရစ်ရစ် ဒီအမျိုးသားကြီး ကိုသာ သည်းခံခွင့်လွှတ်ပေးနိုင်ပါသည် လုပ်ချင်ရာလုပ်ပြီးရင် အလှဆုံးပြုံးထားတက်တာဖေကြီး ဆီ က ရတဲ့အကျင့်ပါ အဖေတွေဖြစ်နေတဲ့ အဖေနဲ့ ကိုကြီး တို့ပျော်ရွှင်စရာအဖေများနေ့ပါရှင့် " ဆိုပြီး ရေးသားလာတဲ့အပြင် ဖခင်ဖြစ်သူနဲ့ အမှတ်တရရိုက်ကူးထားတဲ့ ပုံလေးတွေကိုလည်း တင်ပေးလာတာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်...။

Photo credit - Aye Myat Thu's FB page
Photo credit - Aye Myat Thu's FB page
Photo credit - Aye Myat Thu's FB page
Photo credit - Aye Myat Thu's FB page

Source & Photo credit - Aye Myat Thu's FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။