သွားပိုးစားခြင်းဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားများကို အုန်းဆီက ကာကွယ်ပေးနိုင်ကြောင်း သုတေသနပြုမှုအသစ်တစ်ခု က တွေ့ရှိခဲ့ပါတယ်။

သွားပိုးစားခြင်းကို အဓိက ဖြစ်စေနိုင်တဲ့ Streptococcus ဘက်တီးရီးယား ပျံ့ပွားမှုကို အုန်းဆီက တားဆီးပေးနိုင်ကြောင်း စက်တင်ဘာလဆန်းပိုင်းက ကျန်းမာရေးသတင်းတစ်ပုဒ်မှာ ရေးသားထားပါတယ်။ သွားပိုးစားခြင်းဟာ ကလေးသူငယ်များ မှာအဖြစ်များပြီး ဖွ့ံဖြိုးပြီးနိုင်ငံများမှ ကလေးသူငယ် (၆၀) ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းအထိ သွားပိုးစားခြင်းဖြစ်ပွားနေတယ် လို့လည်း ဖော်ပြထားပါ တယ်။

အိုင်ယာလန်နိုင်ငံ Athlone Institute of Technology ရှိ သုတေသီများက သဘာဝ အုန်းဆီရဲ့ ဘက်တီးရီးယားကာကွယ် နိုင်တဲ့ စွမ်းရည်ကို လေ့လာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သဘာဝ အုန်းဆီဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အင်ဇိုင်းများနဲ့ ဓာတ်ပြုပြီး သွားပိုးစားခြင်း ဖြစ်စေနိုင်တဲ့ Streptococcus ဘက်တီးရီးယားပွားများမှုကို ဟန့်တားပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သဘာဝ အုန်းဆီဟာ ခန္ဓာကိုယ်မှာ မှက္ခရု ဖြစ်ပွားနိုင်တဲ့ မှိုတစ်မျိုးကိုလည်း ကာကွယ်တိုက်ခိုက်ပေးနိုင်ပါသေး တယ်။

သုတေသီများက သူတို့ရဲ့တွေ့ရှိချက်ကို University of Warwick မှာပြုလုပ်တဲ့ General Microbiology’s Autumn Conference မှာ တင်ပြဆွေးနွေးခဲ့ကြပါတယ်။ ဒီတွေ့ရှိချက်ကို အခြေခံပြီး အုန်းဆီကိုအခြေခံပြီးထုတ်လုပ်ထားတဲ့ ပစ္စည်း များ ခံတွင်းကျန်းမာရေး နယ်ပယ် မှာ ပိုမိုစိတ်ဝင်စားခံရပြီး စျေးကွက်ဝင်လာနိုင်ကြောင်း စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြော ကြားခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စု၊ UCLA School of Dentistry မှ သိပ္ပံပညာရှင်များကလည်း “smart bomb” လို့အမည်ယာယီပေးထားတဲ့ ပလုတ်ကျင်းဆေးရည် ကို စမ်းသပ်တီထွင်လျက်ရှိကြောင်း၊ စျေးကွက်အတွင်းရှိ ပလုတ်ကျင်း ဆေးရည်များဟာ ခံတွင်းထဲရှိ ပိုးမွှားများအားလုံးကို ဖယ်ရှားသန့်စင်ပစ်ကြောင်း၊ 

ဖယ်ရှားသန့်စင်ပစ်လိုက်တဲ့ ပိုးမွှားများထဲ မှ ၉၉.၉ ရာခိုင်နှုန်းဟာ ခံတွင်းအတွက် ကောင်းတဲ့ ပိုးမွှားများဖြစ်ကြောင်းနဲ့ ၄င်းတို့ စမ်းသပ်တီထွင်နေသော ပလုတ်ကျင်း ဆေးရည်မှာ ဘေးဖြစ်စေတတ်တဲ့ ပိုးမွှားများကိုသာ ဖယ်ရှားပေးနိုင်တဲ့ ဆေးရည်ဖြစ်ကြောင်း သတင်းမှာ တစ်ဆက်တည်း ဖော်ပြထားပါတယ်။

သတင်းအရင်းမြစ် myanmarpeople magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။