ပရိသတ်ကြီးရေ ပညာရေးမှာလည်း ထူးချွန်ထက်မြတ်ပြီး အနုပညာလောကမှာလည်း နေရာတစ်ခုကို အခိုင်အမာရရှိထားတဲ့ သူလေးကတော့ ဆေးပညာကျောင်းသူလေး ပိုးမမှီသာပဲဖြစ်ပါတယ်။ ပိုးမမှီသာက စိုင်းစိုင်းရဲ့ သင်္ဂါရ သီချင်းလေးထဲမှာ စတင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို များစွာရရှိခဲ့ပြီး နောက်ပိုင်းမှာလည်း အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ ကျောင်းစာတွေနဲ့ မအားလပ်တဲ့ ကြားကနေ လတ်တလောမှာတော့ ကြော်ငြာတွေနဲ့ photo shootingတွေကိုလည်း လက်ခံရိုက်ကူးနေတာလည်းဖြစ်ပါတယ်......။

Photo credit - Poe Mamhe Thar's FB page
Photo credit - Poe Mamhe Thar's FB page
Photo credit - Poe Mamhe Thar's FB page

ဒါ့အပြင် ပိုးမမှီသာက နိုင်ငံကျော်အဆိုတော် စိုင်းစိုင်းနဲ့လည်း တွဲဖက်ပြီး " ပိတောက်ကတဲ့ ဂီတ " ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပါဝင်သရုပ်ဆောင်ထားကာ ပရိသတ်အားပေးချစ်ခင်မှုကိုလည်း များစွာရရှိခဲ့ပါသေးတယ်။ ပိုးမမှီသာက ချစ်စရာကောင်းပြီး ချိုသာတဲ့ အပြုံးလေးနဲ့ မြန်မာဆန်ဆန် ဖက်ရှင်လေးတွေသာအများဆုံး ဝတ်ဆင်လေ့ရှိပြီး ခေတ်ပေါ်အဝတ်အစားတွေကိုလည်း လိုက်ဖက်ညီညီဝတ်ဆင်တက်တာကိုတွေ့ရပါတယ်။ သူမရဲ့ နန်းဆန်တဲ့ အလှကြောင့် ပုရိသပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို အပြည့်အဝရရှိထားတဲ့ သူပါနော်......။

Photo credit - Poe Mamhe Thar's FB page
Photo credit - Poe Mamhe Thar's FB page
Photo credit - Poe Mamhe Thar's FB page

ယခုလက်ရှိမှာတော့ မင်းသမီးချောလေး ပိုးမမှီသာက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ပိုစ့်တစ်ခုတင်ပေးလာတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မျက်မှန်လေးကို တပ်ကာ အသည်းယားစရာကောင်းတဲ့ အပြုံးချိုချိုလေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေအပြင် " အပြင်ကပြန်လာပြီးမိတ်ကပ်မဖျက်ချင်သေးသောအခါ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ...ချစ်ရတဲ့ ပရိသတ်တွေ ပိုးမမှီသာရဲ့ ပုံလေးတွေကို ကြည့်ပြီး အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.......။

Photo credit - Poe Mamhe Thar's FB page
Photo credit - Poe Mamhe Thar's FB page
Photo credit - Poe Mamhe Thar's FB page
Photo credit - Poe Mamhe Thar's FB page

Source & Photo credit - Poe Mamhe Thar's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။