photo credit - liquipedia

လက်ရှိ World No.1 cs go team ဖြစ်တဲ့ G2 Esports က player တစ်ဦးဖြစ်တဲ့ huNter- ရဲ့ နာမည်အရင်းကတော့ Nemanja Kovac ဖြစ်ပြီး သူ ဟာ Serbia နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Birth date ကတော့ 1996 ခုနှစ် 1 လပိုင်း 3 ရက်နေ့ဖြစ်တာကြောင့် huNter ဟာ အခုဆိုရင် အသက် 24 နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

huNter စတင်ခဲ့တဲ့ cs go team ကတော့ Jake Bube ဖြစ်ပြီး 2015 ခုနှစ်လောက်က ကစားခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ hunter ဟာ GamePub ကိုပြောင်းရွှေ့ခဲ့ပြီး လအနည်းငယ်လောက်ကစားပြီးနောက် Gaming.rs.GamePub ကိုပြောင်းရွှေ့ခဲ့ပါတယ်။

၎င်းအသင်းမှာလည်း huNter ဟာ လအနည်းငယ်လောက်ပဲကစားခဲ့ပြီး iNation ကိုထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။

iNation မှာတော့ huNter ဟာ 2017 ခုနှစ် 3 လပိုင်း 27 ရက်နေ့ထိကစားပြီးနောက် Binary Dragons ကိုပြောင်းရွှေ့ခဲ့ပါတယ။်

၎င်းအသင်းမှာလည်း huNter ဟာ လအနည်းငယ်ပဲကစားခဲ့ပြီး 2017 ခုနှစ် 10 လပိုင်း 21 ရက်နေ့မှာ Valiance ကိုပြောင်းရွှေ့ခဲ့ပါတယ်။

၎င်းအသင်းမှာတော့ huNter ဟာ 2 နှစ်နီးပါးလောက်ကစားခဲ့ပြီး 2019 ခုနှစ် 6 လပိုင်း 9 ရက်နေ့မှာ CR4ZY ကိုပြောင်းရွှေ့ခဲ့ပါတယ်။

2019 ခုနှစ် 9 လပိုင်း 30 ရက်နေ့မှာတော့ huNter ဟာ CR4ZY ကနေ G2 Esports ကိုပြောင်းရွှေ့လာခဲ့ပြီး ယနေ့ထက်ထိ G2 Esports မှာကစားနေဆဲပဲဖြစ်ပါတယ်။

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။