ပရိသတ်တွေအရမ်းချစ်ရတဲ့ မင်းသမီးချော နန္ဒာလှိုင်ကတော့ အနုပညာလောကမှာ မသိသူမရှိလောက်အောင် အောင်မြင်ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။ နန္ဒာလှိုင်က အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားတာ အချိန်အတော်ကြာခဲ့ပေမယ့် ပရိသတ်တွေက သူမကိုသတိတရအားပေးနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နန္ဒာလှိုင်က လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် သူမရဲ့လှုပ်ရှားမှုလေးတွေကို မျှဝေပေးနေတာ ဖြစ်ပါတယ်။

Photo Credit-Nandar Hlaing's FB Acc
Photo Credit-Nandar Hlaing's FB Acc
Photo Credit-Nandar Hlaing's FB Acc

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း လုပ်ကိုင်နေတဲ့ နန္ဒာလှိုင်က သူမရဲ့မိသားစုလေးအပေါ်မှာလည်း တာဝန်ကျေပွန်တဲ့ အိမ်ထောင်ရှင်မကောင်း ဖြစ်ပါတယ်။ နန္ဒာလှိုင်မှာတော့ ဇေဝတီလှိုင်၊ ဇေရတီလှိုင်နဲ့ ဇေမဒီလှိုင်ဆိုတဲ့ ချစ်စရာသမီးချောလေးသုံးယောက် ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အခုလည်း နန္ဒာလှိုင်က " သမီးကြီးတောင်တဖြည်းဖြည်းကြီးလာပြီ"ဆိုပြီး သမီးချောလေး ဇေဝတီလှိုင်ရဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။

Photo Credit-Nandar Hlaing's FB Acc
Photo Credit-Nandar Hlaing's FB Acc
Photo Credit-Nandar Hlaing's FB Acc

ဇေဝတီလှိုင်ကတော့ နန္ဒာလှိုင်ရဲ့သမီးလေးတွေထဲမှာ အကြီးဆုံးသမီးလေးဖြစ်ပြီး ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းသူလေး ဖြစ်ပါတယ်။ ဇေဝတီလေးကတော့ အခုဆိုရင် တစ်နေ့တခြားအရွယ်ရောက်လာပြီး မေမေ့လိုပိုချောလာတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော နန္ဒာလှိုင်ရဲ့ချစ်သမီးလေး ဇေဝတီလှိုင်ရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Nandar Hlaing's FB Acc 

Photo Credit-Nandar Hlaing's FB Acc
Photo Credit-Nandar Hlaing's FB Acc
Photo Credit-Nandar Hlaing's FB Acc
Photo Credit-Nandar Hlaing's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။