ပရိသတ်ကြီးရေ မင်းသမီးချောလေးသင်ဇာဝင့်ကျော်ကတော့ အမြဲတမ်းဆွဲဆောင်မှုရှိနေတဲ့သူလေးဖြစ်လို့ မရိုးသွားနိုင်တဲ့အလှအပတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သင်ဇာက အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပြီး လက်ရှိမှာလည်း ကြော်ငြာတွေရိုက်ကူးဖို့အတွက် မန္တလေးကို ရောက်ရှိနေတာပါနော်။သင်ဇာက အလုပ်ကိုလည်း အရမ်းကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ်လည်း အမြဲလှပနေအောင်အမြဲဂရုစိုက်တဲ့သူဖြစ်ပါတယ်။

Photo Credit:Thin Zar Wint Kyaw's Facebook Account/Mung Htoi Aung
Photo Credit:Thin Zar Wint Kyaw's Facebook Account/Mung Htoi Aung
Photo Credit:Thin Zar Wint Kyaw's Facebook Account/Mung Htoi Aung

သင်ဇာက ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်လေးရအောင်လည်း Gymကို နေ့တိုင်းကစားပြီး အစားအသောက်ကိုလည်းကျန်းမာရေးနဲ့ညီညွှတ်မျှတစွာစားသုံးပါတယ်နော်။အဲ့ဒီလို သေသေချာချာဂရုစိုက်လို့လည်း သင်ဇာ့ရဲ့ခန္ဓာကိုယ်လေးက တစ်နေ့တစ်ခြားပိုပိုလှလာပြီး ဆွဲဆောင်မှုအပြည့်ပဲဖြစ်ပါတယ်။သင်ဇာ့ကို အားပေးကြတဲ့ ပရိသတ်တွေကလည်း သူမရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပြီး တစ်ခဲနက်အားပေးဝန်းရံနေကြတာပါနော်။

Photo Credit:Thin Zar Wint Kyaw's Facebook Account/Mung Htoi Aung
Photo Credit:Thin Zar Wint Kyaw's Facebook Account/Mung Htoi Aung
Photo Credit:Thin Zar Wint Kyaw's Facebook Account/Mung Htoi Aung

သင်ဇာက ဆွဲဆောင်မှုရှိစွာဝတ်စားဆင်ယင်လည်း ညှို့အားပြင်းစွာလှပသလို ရိုးရိုးလေးနဲ့လုံလုံခြုံခြုံလေးဆိုလည်း အေးချမ်းတဲ့အလှတရားလေးနဲ့အရမ်းလှတဲ့သူပါနော်။အခုဆိုရင်လည်း သင်ဇာက လုံလုံခြုံခြုံလေးဝတ်ဆင်ပြီး သဘာဝအလှကြီးကိုမျက်စိလေးမှိတ်ပြီး ခံစားနေတာဖြစ်ပါတယ်။သင်ဇာကတော့ ဘယ်လိုနေနေအရမ်းလှနေတာကြောင့် သူမရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Thin Zar Wint Kyaw's Facebook Account/Mung Htoi Aung
Photo Credit:Thin Zar Wint Kyaw's Facebook Account/Mung Htoi Aung
Photo Credit:Thin Zar Wint Kyaw's Facebook Account/Mung Htoi Aung

Source&Photo Credit:Thin Zar Wint Kyaw's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။