ချစ်ပရိသတ်ကြီးရေ ဂျပန်မလေးလား ထင်မှားလောက်အောင် ချစ်ဖို့ကောင်းတဲ့ အိန်ဂျယ်လမုန်ကိုတော့ပရိသတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူမကတော့ မော်ဒယ်အဖြစ်နဲ့ အနုပညာလောကကို ဝင်ရောက်လာပြီး ယခုချိန်မှာတော့ ကြော်ငြာများ ဇာတ်ကားများရိုက်သည်အထိ ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားရသူလေးဖြစ်နေပါတယ်။သူမရဲ့ ချစ်စရာအပြုံးလေးတွေကပဲ ပရိသတ်ရဲ့အချစ်တွေကို ပိုစေခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit : Eh Kaw Htoo Saw
Photo Credit : Eh Kaw Htoo Saw

ကြွေရုပ်လေးလို့ ထင်မှားရောက်လောက်အောင် ဖြူဝင်းလှပနေသူလေးမို့ မိန်းကလေးပရိသတ်အချို့ အားကျချစ်ခင်နေရခြင်းလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း ဆွဲဆောင်မှုရှိလွန်းတဲ့ သူမရဲ့ အလှတရားတွေပေါ်လွင်စေတဲ့ ဖက်ရှင်ပုံလေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားပါတယ်။အမြဲလို ချစ်စရာဟန်ပန်လေးတွေနဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုနေရတာလည်းဖြစ်ပါတယ်။

Photo Credit : Eh Kaw Htoo Saw
Photo Credit : Eh Kaw Htoo Saw

ချစ်ပရိသတ်ကြီး လည်း အိန်ဂျယ်လမုန်ရဲ့ စမတ်ကျကျနဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကိုကြည့်ရှုပြီး ကြည်နူးနှစ်သက်လိမ့်မယ်လို့ထင်ပါတယ်။ သူမရဲ့ရှေ့ဆက်မဲ့ အနုပညာအလုပ်တွေကိုလည်း အားပေးလိုက်ပါအုံးနော်။ဒီထက်မကလည်းအောင်မြင်မှုတွေ ချစ်ခင်မှုတွေ ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Eh Kaw Htoo Saw
Photo Credit : Eh Kaw Htoo Saw

Source : Angle Lamung Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။