ခပ်မိုက်မိုက်ဒီဇိုင်းလေးကို ရွေးချယ်ဝတ်ဆင်တတ်ပြီး ဖြူဖွေးတဲ့ အသားရည်ကြောင့် ပုရိသတွေရဲ့ အသည်းတစ်ခုလုံးကို ဖမ်းစားထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သန္တာဗိုလ်ပဲ ဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးများလည်း ရိုက်ကူးနေရတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ International ဆန်လွန်းလှတဲ့ အရပ်နဲ့ ကိုယ်လုံးလေးကြောင့်လည်း မိန်းကလေး ပရိသတ်များကပါ ချစ်မ၀ ဖြစ်နေရတာလည်း ဖြစ်ပါတယ်။  

Photo Crd - Thandar Bo's FB Account
Photo Crd - Thandar Bo's FB Account
Photo Crd - Thandar Bo's FB Account

သန္တာဗိုလ်ဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်ခြင်း မရှိသေးပင်မယ့်လည်း သူမကို လွမ်းနေတဲ့ ပရိသတ်တွေကို လူမှုကွန်ယက်များနဲ့ Tik Tok များမှ အမြဲ တင်ဆက်ပေးလေ့ ရှိတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သူငယ်ချင်းတွေနဲ့ Staycation သွားရောက် အနားယူ အပန်းဖြေ လျက် ရှိနေတာပဲ ဖြစ်ပါတယ်။ မနေ့ကလည်း သူမရဲ့ သူငယ်ချင်း ဖြစ်သူ ပွင့်သိင်္ဂီဇော်ရဲ့ Facebook story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ 

Photo Crd - Thandar Bo's FB Account
Photo Crd - Pwint Theingi Zaw's FB Story
Photo Crd - Pwint Theingi Zaw's FB Story

ဒါကတော့ အထာကျကျကြမ်းတိုက်နေတာကို သူငယ်ချင်းရဲ့ ဆေးထိုးခြင်းကို ခံလိုက်ရတဲ့ သန္တာဗိုလ်ရဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ သူတို့ သူငယ်ချင်းတွေ အမြဲတမ်း သွားလာ စားသောက်နေတဲ့ ပုံစံလေးတွေဟာလည်း မြင်ရသူတိုင်းကို အားကျကြည်နူးစေမှာ အသေချာပါပဲနော်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် သန္တာဗိုလ်ရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Thandar Bo's FB Account and Pwint Theingi Zaw's FB Story  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။