ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ကမ္ဘာ့သက်တမ်း အရှည်ကြာဆုံး သင်္ချိုင်းလို့ ယုံကြည်ထားတဲ့ "Gross Fredenwalde" သင်္ချိုင်းအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမှာ တည်ရှိတဲ့ ထိုသင်္ချိုင်းဟာ လွန်ခဲ့သော နှစ်ပေါင်း ရှစ်ထောင်ငါးရာခန့်က ထူထောင်ခဲ့တယ်လို့ ယူဆကြပါတယ်။ ထိုသင်္ချိုင်းမှာ အုတ်ဂူဘယ်လောက်ရှိကြောင်း မသိရှိရသော်လည်း ရုပ်ကြွင်းကိုးခုကို တူးဖော်ရရှိခဲ့ပါတယ်။ တူးဖော်တွေ့ရှိခဲ့တဲ့ ရုပ်ကြွင်းတွေအကြောင်းကို ဆက်လက်ဖော်ပြပေးသွားပါ့မယ်။

photo credit pngtree

သုတေသီများရဲ့ အဆိုအရ ထိုသင်္ချိုင်းကြီးဟာ အစောဆုံးသိရှိရတဲ့ သင်္ချိုင်းအစစ် တစ်ခုဖြစ်ခဲ့ပြီး သေဆုံးသူများကို ထိုနေရာမှာ ရည်ရွယ်ချက်ရှိရှိ ဂရုတစိုက်မြှုပ်နှံခဲ့တယ်လို့ ဆိုပါတယ်။ သင်္ချိုင်း သက်တမ်းကို ကျောက်ခေတ်လယ်ကာလလို့ သတ်မှတ်ပြီး ထိုကာလမှာ တစ်နေရာတည်းတွင် လူအများကို မြှုပ်နှံခြင်းဟာ အလွန်ရှားပါးခဲ့ပါတယ်။ လွန်ခဲ့သော နှစ်သုံးထောင်အထိ လူသေများကို နေရာတစ်ခု သတ်မှတ်ပြီး မြှုပ်နှံတာမျိုး မရှိခဲ့ပါဘူး။

photo credit pngtree

ရှေးဟောင်းသုတေသန ပညာရှင်များဟာ၂၀၁၆ ခုနှစ်မှာ "Gross Fredenwalde" မှ အရိုးစု ၉ ခုကို တူးဖော်တွေ့ရှိခဲ့သဖြင့် ထိုနေရာမှာ အလောင်းများ ယခုထက် ပိုမိုရှိနေနိုင်ကြောင်း အထောက် အထားဖြစ်လာခဲ့ပါတယ်။ တူးဖော်ရရှိခဲ့သော ရုပ်ကြွင်းများအနက် ငါးလောင်းဟာ အသက်ခြောက်နှစ်အောက် ကလေးအလောင်းများဖြစ်ပြီး နို့စို့ အရွယ်ကလေးများလည်း ပါဝင်ပါတယ်။ ထိုနို့စို့အရွယ် ရုပ်ကြွင်းအရိုးစုဟာ ဂျာမနီနိုင်ငံမှာ တွေ့ရှိခဲ့သမျှ ရှေးဟောင်း အရိုးစုများထဲတွင် အသက်အငယ်ဆုံးဖြစ်သပြီး ဥရောပတိုက်ရဲ့ အစောဆုံး ရုပ်ကြွင်းတစ်ခုလို့လည်း ဆိုရမှာပါ။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။