ပရိသတ်ကြီးရေ အနုပညာလောကထဲကို Rapအဆိုတော်မလေးအဖြစ် စတင်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အသိအမှတ်ပြု အားပေးမှုကို ရရှိခဲ့တဲ့ သူလေးကတော့ စန္ဒီမြင့်လွင်ပဲဖြစ်ပါတယ်။ သူမက ကိုယ်ပိုင်ရေးသားတေးသီချင်းတွေနဲ့ တစ်ကိုယ်တော်အယ်ဘမ်လ်များစွာကို ထွက်ရှိခဲ့ပြီး သူမရဲ့ သီချင်းတိုင်းကလည်း လူငယ်တွေအကြိုက်ဖြစ်တာကြောင့် ရေပန်းစားလူကြိုက်များတာကိုလည်း တွေ့ရပါတယ်။ နောက်ပိုင်းမှာတော့ သရုပ်ဆောင်အနေနဲ့လည်း ဗီဒီယိုဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကိုလည်း များစွာရရှိနေတာပါနော်.......။

Photo credit -Khin Lin Htin - Treasure's FB page
Photo credit -Khin Lin Htin - Treasure's FB page
Photo credit -Khin Lin Htin - Treasure's FB page

ယခုလက်ရှိမှာတော့ စန္ဒီမြင့်လွင်က အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး သူမ ချစ်ရတဲ့ မိသားစုနဲ့အတူ နွေးထွေးပျော်ရွှင်စွာနေထိုင်နေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် စန္ဒီမြင့်လွင်က အရာရာကို နားလည်းသည်းခံပေးပြီး အမြဲဂရုစိုက်ကြင်နာတက်တဲ့ ခင်ပွန်းနဲ့ ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားတာဖြစ်လို့ သူမတို့ မိသားစုလေးကို ပရိသတ်တွေကလည်း အားကျချစ်ခင်နေကြတာ အသေအချာပါပဲနော်......။

Photo credit -Khin Lin Htin - Treasure's FB page
Photo credit -Khin Lin Htin - Treasure's FB page
Photo credit -Khin Lin Htin - Treasure's FB page

စန္ဒီမြင့်လွင်က မကြာသေးမီအချိန်က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ပိုစ့်တစ်ခုတင်ပေးလာတာပဲဖြစ်ပါတယ်။ " သမီးဒီနေ့ရေချိုးမလိုလိုဘာလိုလိုနဲ့ထမင်းညာစားပီးခုအိပ်ပစ်လိုက်ပါပီရှင်မေမေကတော့မန်းမန်းခွံ့ပီးတော့ရေချိုးပေးမို့စောင့်နေတာတဲ့ သမီးကတော့အိပ်ပစ်လိုက်ပီမေမေရေ့ နိုးမှချိုးတော့" ဆိုတဲ့ စာသားလေးနဲ့အတူ ပါးဖောင်းဖောင်းလေးနဲ့ တစ်နေ့တခြား ပိုပို ချစ်စရာကောင်းလာတဲ့ သမီးလေးရဲ့ ပုံလေးတွေကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ကဲ ......ချစ်ရတဲ့ ပရိသတ်တွေ သမီးလေး Treasureရဲ့ ပုံလေးတွေကို ကြည့်ပြီး အချစ်ပိုစေရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.......။

Photo credit -Khin Lin Htin - Treasure's FB page
Photo credit -Khin Lin Htin - Treasure's FB page
Photo credit -Khin Lin Htin - Treasure's FB page

Source & Photo credit -Khin Lin Htin - Treasure's FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။