ပရိသတ်ကြီးရေ.. စူစူလေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး အိချောပိုကတော့ သရုပ်ဆောင်ကောင်းတဲ့ အပြင် ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ပရိတ်သတ်တွေရဲ့အချစ်ကို သိမ်းပိုက်ထားသူလေးပါ။ ကျစ်လျစ်လှပတဲ့ အမိုက်စားဘော်ဒီအချိုးအစားလေးဟာလည်း ဆွဲဆောင်မှုရှိရှိလှနေပြီး ပုရိသတွေရဲ့အသည်းစွဲမင်းသမီးလေးဖြစ်ရုံသာမက မိန်းကလေးချင်းပါ ကြွေရတဲ့သူလေးဖြစ်ပါတယ်။

Photo credit-Ei Chaw Po's Facebook acc
Photo credit-Ei Chaw Po's Facebook acc

အိချောပိုပါ၀င်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးတွေဟာဆိုရင်လည်း ပရိတ်သတ်အားပေးမှုအပြည့်အ၀ ရရှိခဲ့ပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ကားကောင်းတွေပဲဖြစ်ပါတယ်နော်။ အိချောပိုဟာ ရိုးသားပွင့်လင်းစွာနေထိုင်တတ်သူတစ်ယောက်လည်းဖြစ်ပြီး အလှူဒါနများကိုလည်းမကြာခဏပြုလုပ်လေ့ရှိပါတယ်။

Photo credit-Ei Chaw Po's Facebook acc
Photo credit-Ei Chaw Po's Facebook acc

အိချောပိုဟာ မကြာသေးမီကလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)ကို ရေကုသိုလ်တော်အနေနဲ့သွားရောက်လှူဒါန်းခဲ့ပါသေးတယ်နော်။ အိချောပိုရဲ့အလှူလေးကို "ရုပ်ရှင်သရုပ်ဆောင် အိချောပို ၏ ရေကုသိုလ်တော်၂၀၂၀၊ ဇွန် (၂၂)ရုပ်ရှင်သရုပ်ဆောင် အိချောပို မှ နာရေးကူညီမှုအသင်း(ရန်ကုန်) ရှိ (၇)ရက်သားသမီးများ သောက်သုံးရန်အတွက် ရေသန့်ဗူးလတ် (၁၂)ဗူးပါ ကဒ်(၁၀၀)အား လာရောက်လှူဒါန်းပေးခဲ့ပါသည်။လှူဒါန်းမှုအစုစုတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကျေးဇူးတင်ရှိကာ သာဓု သာဓု သာဓု ခေါ်ဆိုလိုက်ရပါသည်" ဆိုပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ Facebook pageလေးမှာတင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Ei Chaw Po's Facebook acc

Source-နာရေးကူညီမှုအသင်း-ရန်ကုန်

Photo credit-Ei Chaw Po's Facebook acc/ နာရေးကူညီမှုအသင်း-ရန်ကုန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။