အဆိုတော်မေလသံစဉ်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကို ငယ်စဉ်တည်းက လုပ်ကိုင်နေခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ ချိုသာလွန်းတဲ့ အသံလေးတွေကို ပိုင်ဆိုင်ထားသူလေးဖြစ်ပြီး အချစ်သီချင်းလေးတွေ မြန်မာသံသီချင်းလေးတွေကို သီဆိုလေ့ရှိနေသူလေးပဲ ဖြစ်ပါတယ်။

photo credit : မေလသံစဉ် May Melody 's facebook page
photo credit : မေလသံစဉ် May Melody 's facebook page

ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေနဲ့ ပျော်ရွှင်နေတဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်ကို တင်ပေးလေ့ရှိတဲ့ မြန်မာဆန်ဆန်ဖက်ရှင်လေးတွေ ရိုးရှင်းတဲ့ ဖက်ရှင်လေးတွေကိုသာ ဝတ်ဆင်လေ့ရှိသူလေးပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ tiktokလေးတွေကို ဆော့ကစားလေ့ရှိပြီး ပရိသတ်တွေရှေ့ ချပြလေ့ရှိတဲ့ သူမကတော့ coverသီချင်းလေးတွေကို သီဆိုလေ့ရှိပြီး အဆိုပိုင်းမှာ ထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

photo credit : မေလသံစဉ် May Melody 's facebook page
photo credit : မေလသံစဉ် May Melody 's facebook page

သူမကတော့ ယခုမှာ နာမည်ကျော်Savage Loveသီချင်းရဲ့ မူလတီးလုံးလေးတွေအတိုင်း အကောင်းဆုံးတီးခတ်ပြလိုက်ပြီး အနုပညာအရည်အသွေးလေးကို ပြသလိုက်ပါတယ်။ သူမကတော့ " ဒီတစ်ခါ မှန်ကြောင်လေးမပါပဲ တစ်ယောက်တည်း တီးပလိုက်မယ် ရလား " ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးနဲ့အတူ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပြီး ချစ်ပရိသတ်တွေအတွက် အဆိုတော်မေလသံစဉ်ရဲ့ အဆိုပါဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source: မေလသံစဉ် May Melody 's facebook page

photo credit : မေလသံစဉ် May Melody 's facebook page
photo credit : မေလသံစဉ် May Melody 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။