ပရိသတ်ကြီးရေ မင်းသမီး စမိုင်းလ် ကတော့ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ အကောင်းဆုံး ရပ်တည်လာပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိခဲ့တဲ့ မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ လတ်ရှိမှာတော့ မင်းသမီးချော စမိုင်းလ် က အနုပညာအလုပ်တွေကို အရင်ကထပ်မလုပ်တော့ပေမယ့် ပရိသတ်တွေနဲ့အဆက်သွယ်မပြတ်သွားအောင် ဖြည်းဖြည်းမှန်မှန်နဲ့သာလုပ်ကိုင်နေတာကိုတွေ့ပါတယ်။ စမိုင်းလ်ကတော့ စိတ်သဘောထားပြည့်ဝပြီး စကားပြောရင်လည်း ပွင့်ပွင့်လင်းလင်းနဲ့ ပြေဆိုတက်တဲ့သူပဲဖြစ်ပါတယ်။

Photo & Video Credit - စမိုင်းလ် Smile
Photo & Video Credit - စမိုင်းလ် Smile

ဒါ့အပြင် စမိုင်းလ်ဟာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို မွေးထားကာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိထားတာဖြစ်ပါတယ်။ အလှူတန်းတွေကိုလည်း အမြဲပြုလုပ်လျက်ရှိတဲ့ စမိုင်းလ် ဟာ အသက် ၃၆ နှစ်ပြည့် မွေးနေ့အကြိုအတွက် ဇွန်လ ၂၁ ရက်နေ့ မွေးနေ့ပါတီလေးကို Online ကနေ Game တွေကစားရင်း ပရိသတ်တွေအတွက် ၃၆ သိန်းဖိုးကို ကံစမ်းမဲဖောက်ပေးခဲ့ကာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်းပခဲ့တာပဲဖြစ်ပါတယ်။

Photo & Video Credit - စမိုင်းလ် Smile
Photo & Video Credit - စမိုင်းလ် Smile

ယနေ့ ဇွန်လ ၂၂ ရက်ကတော့ စမိုင်းလ် ရဲ့ အသက် ၃၆ နှစ်ပြည့်တဲ့ မွေးနေ့လေးဖြစ်တာကြောင့် မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ ဗီဒီယိုလေးကို ပရိသတ်တွေအတွက် တင်ပေးလာခဲ့ပါတယ်။ ဒီ ဗီဒီယိုလေးထဲမှာ ဇနီးမောင်နှံ နှစ်ယောက်ကတော့ ရဟန်း၊ သံဃာတော်တွေကို နေ့ဆွမ်းကပ်လှူနေပြီး ကောင်းမှုကုသိုလ်လေးကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကဲ....ချစ်ပရိသတ်ကြီရေး ယနေ့ကျရောက်တဲ့ ၃၆ နှစ်ပြည့် မွေးနေ့လေးမှာ မွန်မြတ်လှတဲ့ အလှူလေးကိုပြုလုပ်ခဲ့တဲ့ စမိုင်းလ်ကို မွေးနေ့ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦးနော်.....။

Photo & Video Credit - စမိုင်းလ် Smile

Source - စမိုင်းလ် Smile's facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။