ပရိသတ်တွေ ဒီနေ့ဒီချိန်ထိ ချစ်ခင်အားပေးနေရတဲ့ မင်းသမီးလေးကတော့ သရုပ်ဆောင် စိုးမြတ်နန္ဒာပဲ ဖြစ်ပါတယ်။ သူမဟာ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ အောင်မြင်မှုတွေများစွာကို ရရှိပိုင်ဆိုင်ခဲ့ပြီး  အကယ်ဒမီ ထူးချွန်ဆုပါ ရရှိထားတဲ့ မင်းသမီးလေးတစ်လက်လည်း ဖြစ်ပါတယ်။ ဒါဒါဟာ တည်ငြိမ်ရင့်ကျက်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာကြောင့် အနုပညာရှင်များသာမကဘဲ ပရိသတ်တွေကပါ ချစ်မ၀ ဖြစ်နေရတာလည်း ဖြစ်ပါတယ်။  

Photo Crd - Soe Myat Nandar's FB Page
Photo Crd - Soe Myat Nandar's FB Page
Photo Crd - Soe Myat Nandar's FB Page

ဒါဒါဟာ သားလေးမြတ်သောမောင်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေကို အတူတကွ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ မလုပ်တော့ပင်မယ့်လည်း ပရိသတ်တွေနဲ့ အလှမ်းမဝေးစေရန် သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် လှုပ်ရှားမှုတွေကို အမြဲ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သူမကို ချစ်တဲ့ ပရိသတ်တွေကို ဒါဒါတစ်ယောက် မေးခွန်းလေးတစ်ခု မေးထားတာပဲ ဖြစ်ပါတယ်။  

Photo Crd - Soe Myat Nandar's FB Page
Photo Crd - Soe Myat Nandar's FB Page
Photo Crd - Soe Myat Nandar's FB Page

ဒါကတော့ ဖခင်ဖြစ်သူနဲ့ သားလေးဘယ်သူက သူမနဲ့ပိုတူလဲဆိုပြီး မေးခွန်းလေးထုတ်လိုက်တဲ့ ပြည်သူချစ်မင်းသမီးချောလေး စိုးမြတ်နန္ဒာရဲ့ သတင်းလေးပဲ ဖြစ်ပါတယ်။ ဒါဒါကလည်း " ဖိုးဖိုကြီး နဲ့ သားမောင်

ဘယ်သူက ကိုယ် နဲ့ ပိုတူပါလိမ့် " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဘယ်သူက ဒါဒါနဲ့ ပိုတူလည်း ဆိုတာကို ဖြေပေးသွားကြပါဦးနော်။

Source and Photo Crd - Soe Myat Nandar's FB Page  

Photo Crd - Soe Myat Nandar's FB Page
Photo Crd - Soe Myat Nandar's FB Page
Photo Crd - Soe Myat Nandar's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။