ပရိသတ်ကြီးရေ သုံးထပ်ကွမ်းအကယ်ဒမီဆုရှင် မင်းသမီးချောလေး ဖွေးဖွေးကတော့ မိဘနှစ်ပါးကိုလုပ်ကျွေးပြုစုနေတဲ့ သမီးလိမ္မာလေးဖြစ်ပါတယ်နော်။ဖွေးဖွေးတို့မိသားစုက နွေးနွေးထွေးထွေးနဲ့အရမ်းပျော်ရွှင်စရာကောင်းပြီး ချစ်စရာမိသားစုလေးဖြစ်ပါတယ်။ဖွေးဖွေးကလည်း ယခုချိန်ထိတိုင် အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့အတူ ရပ်တည်နေတာဖြစ်ပါတယ်။

Photo Credit:Kyaw Kyaw Win's Facebook Account
Photo Credit:Kyaw Kyaw Win's Facebook Account
Photo Credit:Kyaw Kyaw Win's Facebook Account

ပရိသတ်တွေကတော့ ဖွေးစိန်လေးလို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမကိုလည်းချစ်ကြသလို သူမရဲ့မိသားစုလေးကိုပါချစ်နေကြတာဖြစ်ပါတယ်။ဖွေးစိန်တို့မိသားစုလေးက အားတဲ့အချိန်တွေဆို မိသားစုတွေအတူတူ ချက်ကြ၊ပြုတ်ကြပြီး တက်ညီလက်ညီရှိကြတဲ့မိသားစုလေးပဲဖြစ်ပါတယ်နော်။ဖွေးစိန်ရဲ့ ဖေဖေနဲ့မေမေကလည်း ချက်ပြုတ်ရတာကိုဝါသနာပါကြလို့ Daddy's Kitchen ဆိုတဲ့နာမည်လေးနဲ့ တစ်နိုင်တစ်ပိုင်စီးပွားရေးလေးလုပ်ဆောင်နေကြတာဖြစ်ပါတယ်။

Photo Credit:Kyaw Kyaw Win's Facebook Account
Photo Credit:Kyaw Kyaw Win's Facebook Account
Photo Credit:Kyaw Kyaw Win's Facebook Account

ဒီနေ့လေးဟာဆိုရင်တော့ ဖွေးစိန်လေးရဲ့ဖေဖေနဲ့မေမေရဲ့ မင်္ဂလာသက်တမ်း(၃၅)နှစ်ပြည့်နေ့လေးပဲဖြစ်ပါတယ်။ဖွေးစိန်ရဲ့ဖေဖေကတော့"ဘာလိုလိုနဲ့အိမ်ထောင်သက်၃၅နှစ်ပြည့်ခဲ့ပြီ လူ့လောကရဲ့ ကောင်းတာ/မကောင်းတာတွေအားလုံးကိုဖြတ်ကျော်ခဲ့ပြီးပြီ...နောက်ထပ်လည်း ဖိုက်တင်းပါချစ်တုံး"ဆိုပြီး ဇနီးမောင်နှံနှစ်ယောက်ရဲ့ တစ်ချိန်က မင်္ဂလာဆောင်ပုံရိပ်လေးကို မျှဝေလာခဲ့တာဖြစ်လို့ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Kyaw Kyaw Win's Facebook Account
Photo Credit:Kyaw Kyaw Win's Facebook Account
Photo Credit:Kyaw Kyaw Win's Facebook Account

Source&Photo Credit:Kyaw Kyaw Win's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။