ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့အအေးဆုံး နေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Prospect Creek" ပရော့စပက်ချောင်း နေရာကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ အလက်စကာပြည်နယ်ရှိ ပရော့စပက်ချောင်းတည်ရှိသော နေရာမှာ ယခုအချိန်တွင် လူများနေထိုင်တာမျိုးမရှိသော်လည်း တစ်ချိန်က ထောင်ပေါင်းများစွာသော အလုပ်သမားများ နားနေခဲ့ရသော နေရာဖြစ်ခဲ့ပါတယ်။

photo credit pngtree

ဒါပေမယ့် ၁၉၇၄ ခုနှစ်မှ ၁၉၇၇ ခုနှစ်အတွင်းမှာတော့ အလက်စကာ ပိုက်လိုင်းစနစ် တည်ဆောက်ခဲ့စဉ်တုန်းက အလုပ်သမားများဟာ ထိုနေရာမှာ စခန်းချခဲ့ကြပြီး တည်ဆောက်ရေး လုပ်ငန်းများပြီးဆုံးတဲ့နောက်မှာတော့ စခန်းများကို ဖျက်သိမ်းခဲ့ပါတယ်။ ပရော့စပက် ချောင်းနေရာမှာ ဇန်နဝါရီလရဲ့ နေ့စဉ်ပျမ်းမျှ အပူချိန်ဟာ အနှုတ် ၁၅ ဒီဂရီ ဖာရင်ဟိုက်ဖြစ်တာကြောင့် ထိုနေရာမှာ ဘယ်သူမှ ပျော်ရွှင်စွာ မနေနိုင်ခဲ့ပါဘူး။ ပရော့စပက်ချောင်းနေရာရဲ့ အအေးဒီဂရီဟာ ရော်ဂျာတောင်ကြားဒေသရှိ အအေးဒီဂရီအောက် ၁၀ ဒီဂရီ လျော့နည်းကာ အနှုတ် ၈၀ ဒီဂရီ ဖာရင်ဟိုက်ဖြင့် ၁၉၇၁ ခုနှစ် ဇန်နဝါရီလမှာ အမေရိကန်နိုင်ငံရဲ့ အအေးဆုံး နေရာအဖြစ် စံချိန်တင်ခဲ့ပါတယ်။

photo credit pngtree

ပရော့စပက်ဟာ အခြားသော နေရာတွေလိုမျိုး နွေရာသီမှာ ပူနွေးပါတယ်။ ဒါ့အပြင် ထိုနေရာမှာ ကျက်စားသော ဝက်ဝံနှင့် လင်းယုန်တွေအား နွေရာသီမှာ နေထိုင်ကျက်စားမှု ရှုပ်ထွေးတာမျိုးကို ဖြစ်စေပါတယ်။ ပရော့စပက်ရဲ့ နှစ်စဉ် ပျမ်းမျှ အပူချိန်ဟာ ၂၄ ဒသမ ၄ ဒီဂရီ ဖာရင်ဟိုက်ဖြစ်ပြီး အအေးလွန်သော နေရာဖြစ်တာနှင့်အညီ အောက်တိုဘာမှ ဧပြီလအထိ နှင်းများ အဆက်မပြတ်ကျလေ့ရှိပြီး ဖေဖော်ဝါရီလနှင့် မတ်လများမှာတော့ နှင်းထု ၂၄ လက်မအထိရှိတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။