ပရိသတ်ကြီးရေ အသက်ငယ်ငယ်လေးနဲ့ အနုပညာလမ်းကြောင်းပေါ်ကို စတင်ဝင်ရောက်ခဲ့ပြီး ဝါရင့်သရုပ်ဆောင်များရဲ့ လမ်းညွှန်ပြသမှုကို အပြည်အဝခံယူကာ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားမှုများစွာရရှိခဲ့တဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသားချော ဇေရဲထက်ပဲဖြစ်ပါတယ်။ ဇေရဲထက်က သူရဲ့ တိကျပိုင်နိုင်ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးချစ်ခင်မှုကို အချိန်တိုလေးအတွင်း တခဲနက်ရရှိခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်ခဲ့ရတဲ့ သူလည်းဖြစ်ပါတယ်.....။

Photo credit - Zay Ye Htet's FB account
Photo credit - Zay Ye Htet's FB account

ဇေရဲထက်က ဆွဲဆောင်မှုရှိတဲ့ အပြုံး ၊ ခန့်ညားချောမောတဲ့ မျက်နှာအပြင် တောင့်တင်းလှပပြီး ယောကျာ်းပီသတဲ့ ကိုယ်ခန္ဓာအချိုးအစားကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုကိုလည်း အပြည့်အဝရရှိခဲ့တဲ့ သူလည်းဖြစ်ပါတယ်။ ဇေရဲထက်က လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို သိပ့်မလုပ်ဖြစ်တော့ပေမယ့် သူရဲ့ နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကို မကြာခဏဆိုသလို လူမှုကွန်ယက်စာမျက်နှာထက်မှာ ဖော်ပြပေးလေ့ရှိသူလည်းဖြစ်ပါတယ်......။

Photo credit - Zay Ye Htet's FB account
Photo credit - Zay Ye Htet's FB account

ယနေ့မှာလည်း သူရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာကနေ ချစ်ရတဲ့ ပရိသတ်တွေနဲ့အတူ တရင်းတနှီးစကားပြောဆိုနေတဲ့ liveဗီဒီယိုလေးတစ်ခုကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ပြုံးရယ်ပျော်ရွှင်ကာ ပရိသတ်တွေ ရေးသမျှစာတွေတိုင်းကို ဖတ်ကာ စကားပြောနေတဲ့ မင်းသားချောလေး ဇေရဲထက်ရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ကဲ..ချစ်ရတဲ့ ပရိသတ်တွေလည်း သရုပ်ဆောင် မင်းသားချောလေး ဇေရဲထက်ရဲ့ liveဗီဒီယိုလေးကို ကြည့်ပြီး အသည်းလေးတွေ ပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်.......။

Photo credit - Zay Ye Htet's FB account
Photo credit - Zay Ye Htet's FB account

Source & Photo credit - Zay Ye Htet's FB account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။