ဇာတ်ပို့သရုပ်ဆောင်အိအိတုန်ကတော့ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပြီး ဗီဒီယိုဇာတ်ကားတွေ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ် ။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ ယခုမှာ ဈေးရောင်းလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူမကတော့ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုကမ္ဘာလေးကို တည်ဆောက်ထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit : Ei Tone 's facebook acc
photo credit : Ei Tone 's facebook acc

သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့အပြင် ရင်သွေးငယ်လေးကိုလည်း လွယ်ထားရတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ မိသားစုနဲ့အတူ ပျော်ရွှင်စရာအချိန်တွေကို ဖြတ်သန်းလျက်ရှိနေတဲ့ သူမကတော့ ခင်ပွန်းသည်ရဲ့ အလိုက်သိတတ်မှုလေးတွေကြောင့် ပျော်ရွှင်ရသလို ချစ်သမီးလေးတွေကြောင့်လည်း ပြုံးရွှင်ခဲ့ရပါတယ်။ သူမရဲ့ သမီးလေးကတော့ ယခုမှာ မအေးသီတာရဲ့ နို့ခေါက်ဆွဲကို အရမ်းကြိုက်လို့ အားပါးတရစားနေခဲ့ပါတယ်။

photo credit : Ei Tone 's facebook acc
photo credit : Ei Tone 's facebook acc

ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေခဲ့တဲ့ သူမကတော့ " မအေးသီတာနို့ခေါက်ဆွဲကိုအမှန်အကန်အားပေးနေသူချစ်သမီးကြိုက်တာတဲ့ " ဆိုပြီး သမီးလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် အိအိတုန်းသမီးလေးရဲ့ အေးသီတာရဲ့ နို့ခေါက်ဆွဲကို အားပါးတရစားနေတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source: Ei Tone 's facebook acc

photo credit : Ei Tone 's facebook acc
photo credit : Ei Tone 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။