ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ အကောင်းဆုံးလျှောက်လှမ်းလာခဲ့ပြီး ပရိသတ်တွေရဲ့အချစ်တွေ ရရှိခဲ့တဲ့ မင်းသား ညီနန္ဒ ကိုတော့ ပရိသတ်တွေသိကြမယ်လို့ထင်ပါတယ်။ မင်းသား ညီနန္ဒဟာဆိုရင် သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လိုဇာတ်ကောင်တွေပဲဖြစ်ဖြစ် အကောင်းဆုံးသရုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။ လတ်ရှိမှာတော့ အနုပညာတွေကို အရင်ကထပ်မလုပ်တော့ပေးမယ့် အနည်းအကျဉ်းမျှသာလုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။

Photo Credit - Nyi Nanda
Photo Credit - Nyi Nanda

လတ်တလော ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာလည်း ညီနန္ဒက အရသာရှိတဲ့ ထောပတ်ထမင်း ကို ကိုယ်တိုင်ချက်ပြီး delivery လုပ်ကာ ကိုယ်ပိုင်စီးပွားလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် အရသာရှိပြီး ဈေးလည်းသက်သာတာကြောင့် စားသုံးသူတွေရဲ့ အားပေးမှုတွေကလည်း တစ်နေ့တစ်နေ့ ရာနဲ့ချီနေတာကိုတွေ့ရပါတယ်။ ယခုတစ်ခါမှာ မင်းသမီး စမိုင်းလ်က မွေးနေ့ဆွမ်းကပ်ဖို့အတွက် ထောပတ်ထမင်း ပွဲ(၁၀၀) အားပေးခဲ့တာလေးကိုဝမ်းသားပီတိဖြစ်နေတဲ့ ညီနန္ဒ က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြလာခဲ့ပါတယ်။

Photo Credit - Nyi Nanda
Photo Credit - Nyi Nanda

"ဒီနေ့ကျရောက်တဲ့မွေးနေ့မှာ "'ကိုနန္ဒ ထောပတ်ထမင်း"' ပွဲ၁၀၀ အားပေးတဲ့ ညီမလေး Smile "' Than Smile "' ကို ကျေးဇူးအထူးတင်ပါတယ်...Happy Birthday ပါ ညီမလေးရေ... ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒတွေ ပြည်စုံပါစေ... ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းဖြစ်ပါစေ...ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်စုံပါစေ... အခုထက်ပိုပြီး သာသနာပြုနိုင်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးဖြစ်ပါစေ...အစ်ကို့ထောပတ်ထမင်း အရမ်းစားကောင်းလို့ထပ်အားပေးတာလို့ ပြောတော့ အရမ်းကိုဝမ်းသာပီတိဖြစ်ရပါတယ် "'ကိုနန္ဒ ထောပတ်ထမင်း"' အစွမ်းကုန်ဆက်၍ကြိုးစားသွားပါ့မယ်..." ဆိုပြီး ရေးသားထားပါသေးတယ်။ချစ်ပရိသတ်တွေလည်း မင်းသား ညီနန္ဒ နဲ့အတူ ထပ်တူ ဝမ်းသာပီတိဖြစ်မယ်လို့လည်း မျှော်လင့်မိပါတယ်။

Photo Credit - Nyi Nanda

Source - Nyi Nanda's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။