ပရိတ်သတ်ကြီးရေ.....တေးရေးဆရာတစ်ယောက်အနေနဲ့ရော အဆိုတော်တစ်ယောက်အနေနဲ့ပါ အောင်မြင်စွာရပ်တည်နေနိုင်တဲ့ အဆိုတော်လင်းလင်းကို သိကြမယ်ထင်ပါတယ်နော်။ သူဟာ ချစ်သုဝေနဲ့အတူ ပရိတ်သတ်အားကျချစ်ခင်ရတဲ့ မိသားစုဘ၀လေးကိုတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာအမြွှာသမီးလေးနှစ်ယောက်ကိုပါ ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

Photo credit-Htwe Lynn Ko's Facebook acc
Photo credit-Htwe Lynn Ko's Facebook acc

လင်းလင်းနဲ့ချစ်သုဝေတို့နှစ်ဦးလုံးဟာ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာအောင်မြင်ကျော်ကြားနေကြတဲ့သူတွေလည်းဖြစ်ပြီးစေတနာ သဒ္ဒါတရားထက်သန်ကြတဲ့သူတွေလည်းဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ ပဲ့ကိုင်ရှင်တွေလည်းဖြစ်ကြပြီးတော့ လိုအပ်နေတဲ့နေရာမှန်သမျှကို တတ်နိုင်သရွေ့လှူဒါန်းကူညီကြတဲ့သူတွေပါနော်။

Photo credit-Htwe Lynn Ko's Facebook acc
Photo credit-Htwe Lynn Ko's Facebook acc

မကြာသေးမီက လင်းလင်းဟာ သူ့ရဲ့Facebookစာမျက်နှာတွင်"ကိုမျိုးကြီးအတွက် ရေးဖြစ်တဲ့ သီချင်းတစ်ပုဒ်မကြာခင် တေးသံသာကနေ နားထောင်လို့ရပါမယ်။ကျနော်တို့နှစ်ယောက် ဒီသီချင်းကနေ ရရှိမယ့်အကျိုးအမြတ်အားလုံးကို "ခေတ်သစ် ဖောင်ဒေးရှင်း" ထံသို့ လှူပါတယ်။တေးသံသာမှ ကိုညီကလဲ ထပ်တိုးလှူပါတယ်။ကျနော်တို့အားလုံးရဲ့ ငွေသားစုစုပေါင်း ၃၂၅၀၀၀၀ ( သုံးဆယ့်နှစ်သိန်းငါးသောင်း) တိတိပါ။ဒီသီချင်းမှ ထပ်မံရရှိလာမယ့်အကျိုးအမြတ်အားလုံးကိုလဲကျနော်နဲ့ ကိုမျိုးကြီးမှ ဖောင်းဒေးရှင်းသို့ တစ်သတ်စာလှူပါတယ်။မကြာခင်နားဆင်ရမယ့် ဒီသီချင်းနဲ့ပတ်သတ်ပြီးပရိတ်သတ်ရောင်းရင်းများလဲ ကုသိုလ်ယူနိုင်ကြပါစေ" ဆိုပြီးရေးသားထားပါတယ်။ ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Htwe Lynn Ko's Facebook acc
Photo credit-Htwe Lynn Ko's Facebook acc

Source-Htwe Lynn Ko's Facebook acc

Photo credit-Htwe Lynn Ko's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။