သရုပ်ဆောင် မင်းသားချော နေမင်းကတော့ အရပ်ရှည်ရှည်၊ Body တောင့်တောင့်နဲ့ ယောက်ျားပီသတဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ညိုချောလေးဖြစ်တဲ့ နေမင်းက မိန်းကလေးပရိသတ်တွေကြွေနိုင်လောက်အောင်ကို တည်ကြည်ခန့်ညားသူလည်း ဖြစ်ပါတယ်။ နေမင်းက သရုပ်ဆောင်ပိုင်းမှာ အင်မတန်ထူးချွန်ပြီး တကယ့်ကိုအရည်အချင်းရှိတာကြောင့် ယနေ့အချိန်အထိ ဇာတ်ကားတွေအများအပြား ရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit-Nay Min's FB Acc
Photo Credit-Nay Min's FB Acc
Photo Credit-Nay Min's FB Acc

နေမင်းက လတ်တလောမှာတော့ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ သက္ကလမြို့လေးကို ပြန်လည်ရောက်ရှိနေပြီး မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေတာ ဖြစ်ပါတယ်။ နေမင်းကတော့ ရွာကိုပြန်ရောက်တုန်းမှာ စိတ်အေးလက်အေး အပန်းဖြေရင်း အနားယူနေတာလည်း ဖြစ်ပါတယ်။ အခုလည်း နေမင်းက အိမ်မှာနေရင်း ခြံထဲဆင်းပြီး သူကိုယ်တိုင် သန့်ရှင်းရေးလုပ်ပေးနေတဲ့ ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။

Photo Credit-Nay Min's FB Acc
Photo Credit-Nay Min's FB Acc
Photo Credit-Nay Min's FB Acc
Photo Credit-Nay Min's FB Acc

နေမင်းက " ခြံသန့်ရှင်းရေးလုပ်နေသော ဦးလေး နှင့်စက်ဘီးစီးနေသော တူတူမလေးများ" ဆိုပြီး သူ့ရဲ့လှုပ်ရှားမှုလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ နေမင်းကတော့ အပင်လေးတွေနဲ့စိမ်းစိုလှပတဲ့ သူ့ရဲ့ခြံလေးကို ပိုပြီးသာယာလှပစေဖို့ သန့်ရှင်းရေးတွေ အားတက်သရောလုပ်နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွာမှာနေရင်း ပျော်နေတဲ့ နေမင်းရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Nay Min's FB Acc

Photo Credit-Nay Min's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။