photo credit - ESL

လက်ရှိ World No.1 cs go team ဖြစ်တဲ့ G2 Esports က player တစ်ဦးဖြစ်တဲ့ JaCkz ရဲ့နာမည်အရင်းကတော့ Andric Jug ပဲဖြစ်ပြီး သူဟာ ပြင်သစ်နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Birth date ကတော့ 1992 ခုနှစ် 7 လပိုင်း 7 ရက်နေ့ဖြစ်တာကြောင့် JaCkz ဟာ သိပ်မကြာခင်မှာ အသက် 28 နှစ်ပြည့်တော့မှာပဲဖြစ်ပါတယ်။

JaCkz cs:go pro teams တွေမှာစတင်ကစားခဲ့တာကတော့ 2013 ခုနှစ် 3 လပိုင်းလောက်ကဖြစ်ပြီး KOWABUNGA မှာစတင်ကစားခဲ့တာပဲဖြစ်ပါတယ်။

၎င်းအသင်းမှာတော့ JaCkz ဟာ တစ်လလောက်သာကစားခဲ့ပြီး 2013 ခုနှစ် 4 လပိုင်း 9 ရက်နေ့မှာ webSPELL Gaming ကိုပြောင်းရွှေ့ခဲ့ပါတယ်။

webSPELL Gaming မှာလည်း JaCkz ဟာ တစ်လကျော်ကျော်လေးသာကစားခဲ့ပြီး 2014 ခုနှစ် 5 လပိုင်း 20 ရက်နေ့မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

အဲ့ဒီနောက် 2013 ခုနှစ် 9 လပိုင်း 9 ရက်နေ့မှာတော့ JaCkz ဟာ KOWABUNGA မှာပြန်လည်သွားရောက်ကစားခဲ့ပြီး 2014 ခုနှစ် 2 လပိုင်း 14 ရက်နေ့မှာ ၎င်းအသင်းကနေ AERA eSports ကိုပြောင်းရွှေ့ခဲ့ပါတယ်။

အဲ့ဒီနောက် 2014 ခုနှစ် 10 လပိုင်း 20 ရက်နေ့မှာတော့ JaCkz ဟာ KOWABUNGA ကိုပြန်လည်သွားရောက်စားခဲ့ပြီး 2015 ခုနှစ် 10 လပိုင်း 2 ရက်နေ့မှာ beGenius ESC ကိုပြောင်းရွှေ့ကစားခဲ့ပြီး 2016 ခုနှစ် 10 လပိုင်းမှာ ၎င်းအသင်းကနေ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

2017 ခုနှစ် 3 လပိုင်း 1 ရက်နေ့မှာတော့ JaCkz ဟာ Epsilon France ကိုပြောင်းရွှေ့ကစားခဲ့ပြီး 2017 ခုနှစ် 4 လပိုင်း 30 ရက်နေ့မှာ ၎င်းအသင်းကနေ EnVyUs Academy ကိုပြောင်းရွှေ့ကစားခဲ့ပါတယ်။

အဲ့ဒီနောက် 2018 ခုနှစ် 7 လပိုင်း 3 ရက်နေ့မှာတော့ JaCkz ဟာ 3DMAX ကိုပြောင်းရွှေ့ခဲ့ပြီး 2018 ခုနှစ် 11 လပိုင်း 26 ရက်နေ့မှာ ၎င်းအသင်းကနေ G2 Esports ကိုပြောင်းရွှေ့လာခဲ့ပြီး ယနေ့ထက်ထိ G2 Esports မှာကစားနေဆဲပဲဖြစ်ပါတယ်။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။