ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ လန်ဒန်မြို့က နာမည်ကျော်လူသိများတဲ့ သမိုင်းဝင်နေရာတွေ၊ အဆောက်အအုံအကြောင်းတွေနဲ့ ပတ်သက်ပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီထဲကမှ လန်ဒန်မြို့ရဲ့ အမြင့်ဆုံး အဆောက်အအုံလို့ သတ်မှတ်ထားတဲ့ "The Shard" အဆောက်အအုံအကြောင်းကို ရွေးချယ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ထိုအဆောက်အအုံကြီးအကြောင်းကို မဖော်ပြသေးခင်မှာ လတ်တလော အနုပညာရှင် လှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကိုတင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

လန်ဒန်မြို့ရဲ့ အမြင့်ဆုံးအဆောက်အအုံတစ်ခုဖြစ်တဲ့ The Shard ပေါ်မှ လန်ဒန်မြို့ကို ကြည့်ရှုရတာဟာ လန်ဒန်မြို့ရဲ့ ခရီးသွားလုပ်ငန်းဆွဲဆောင်မှု တစ်ခုလို ဖြစ်နေပါတယ်။ လန်ဒန်မြို့ကို အပေါ်စီးမှ ကြည့်ရှုရန် နေရာနှစ်ခုကို The Shardရဲ့ ၆၉ ထပ်မှာ တစ်ခု၊ ၇၂ ထပ်မှာ တစ်ခု ပြုလုပ်ထားပါတယ်။ The Shard ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပြီး ထိုနေ့မှာပဲ The Shard ပေါ်သို့ လူ ၅၀၀၀ တက်ရောက်ခဲ့ကြတာပါ။

လန်ဒန်မြို့ရဲ့အပေါ်စီးမှာ တည်ရှိတဲ့ The Shard ဟာ လန်ဒန်မြို့ရဲ့ထူးခြားသော မြင်ကွင်းကျယ်များကို ရှုမြင်နိုင်တဲ့ နေရာတစ်ခုဖြစ်ကာ မိုင် ၄၀ အကွာအဝေးအထိ မြင်ကွင်းများကို တွေ့မြင်ရတာပါ။ The Shard ဟာ အမြင့်ပေ ၈၀၀ ရှိကာ အနောက် ဥရောပ ဒေသရဲ့ အမြင့်ဆုံး အဆောက်အအုံဖြစ်ပြီး ကိုကာကိုလာ လန်ဒန်ရဟတ်၊ စိန့်ပေါ ဘုရားကျောင်း၊ ဝင်ဘလေ အားကစားကွင်းတို့ကို The Shard ပေါ်မှ မြင်တွေ့ကြရမှာပါ။ The Shard သို့ တက်ရောက်ရန် လူတစ်ဦးလျှင် ၂၆ ပေါင် ဝင်ကြေးပေးရတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။