အဆိုတော်မနောကတော့ မြန်မာနိုင်ငံရဲ့ အောင်မြင်လျက်ရှိနေတဲ့ ထိပ်တန်းအဆိုရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ မြန်မာသံသီချင်းလေးတွေ အချစ်သီချင်းလေးတွေ သဘာဝအလှကိုရေးဖွဲ့ထားတဲ့ သီချင်းလေးတွေကို သီဆိုလေ့ရှိတဲ့ မနောကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit : မေနာ Manaaw 's facebook page
photo credit : မေနာ Manaaw 's facebook page

သီချင်းကောင်းလေးတွေရဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ဝင်ရောက်ထားနိုင်ခဲ့တဲ့ မနောကတော့ သီချင်းအသစ်လေးတွေကို ပရိသတ်တွေရဲ့ ရှေ့ကို ချပြထားသူလေးပဲ ဖြစ်ပါတယ်။ စိတ်ထားဖြူစင်ပြီး ရိုးသားစွာပြောဆိုနေထိုင်တာကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့ မနောကတော့ အလှူအတန်းတွေမှာလည်း တတ်နိုင်သလောက်ပါဝင်လှူတန်းလေ့ရှိပြီး အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်လျက်ရှိနေသလို ကိုယ်ပိုင်စီးပွားရေးအလုပ်ကိုလည်း လုပ်ကိုင်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။

photo credit : မေနာ Manaaw 's facebook page
photo credit : မေနာ Manaaw 's facebook page

မနောကတော့ ယခုမှာ ဆွမ်းခံထွက်တဲ့နောက်ကို လိုက်ပြီး မနက်စောစောမှာ ကောင်းမှုကုသိုလ်တွေပြုလုပ်နေခဲ့ပါတယ်။ မနောကတော့ " ဆွမ်းတော်ဗျို့ " ဆိုပြီး ဗီဒီယိုဖိုင်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ မနောရဲ့ ကောင်းမှုကုသိုလ်ပြုလုပ်နေတဲ့ ကြည်နူးစရာဗီဒီယိုဖိုင်လေးဟာ ကြည့်ရူသူပရိသတ်တွေရဲ့ ရင်ကိုအေးချမ်းစေခဲ့တာပဲ ဖြစ်ပြီး ချစ်ပရိသတ်တွေအတွက် မနောရဲ့ အဆိုပါဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source  : မေနာ Manaaw 's facebook page 

photo credit : မေနာ Manaaw 's facebook page
photo credit : မေနာ Manaaw 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။