ဆုပေါင်း ၂၀၀ ကျော်ရရှိထားပြီး ၂၀၁၁ကထွက်ရှိခဲ့သော်လည်း ယခုထက်ထိလူပြောများနေပြီး ကစားသမားတွေအရမ်းနှစ်သက်တဲ့ Bethesda Game Studios ရဲ့ နာမည်ကျော် Game စီးရိးဖြစ်တဲ့ The Elder Scrolls စီးရီးရဲ့ Skyrim ကတော့ ယခုအခါ Nintendo Switch နဲ့ PlayStation VR အတွက်ပါထွက်ရှိလာတော့မည်ဖြစ်သည်

Bethesda Game Studios ရဲ့ နာမည်ကျော် The Elder Scrolls V: Skyrim ကတော့ The Elder Scrolls V: Skyrim အပြင် သူ့ရဲ့ DLC တွေအကုန်ပါတဲ့ The Elder Scrolls V: Skyrim Legendary Edition နဲ့ Graphic တွေပိုမြင့်ထားပြီး အသစ်ထွက်ရှိထားတာမကြာသေးတဲ့ The Elder Scrolls V: Skyrim Special Edition တို့ပါထွက်ရှိထားတာပါ။

The Elder Scrolls V: Skyrim ရဲ့ Nintendo Switch Version မှာတော့ Nintendoရဲ့နာမည်ကျော်Gameဖြစ်တဲ့ The Breath of the wild ထဲက ဇာတ်ကောင် Link ရဲ့ Armor ကိုဝတ်ဆင်အသုံးပြုနိုင်မှာပါ။ The Elder Scrolls V: Skyrim ရဲ့ VR version ကတော့ လောလောဆယ် PlayStation VR အတွက်သာသီးသန့်ထွက်ရှိမှာပါ။

Hein (Mg Lu Aye) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။