ကမ္ဘာတစ်ဝှမ်းမှာရှိ ထူးခြားဆန်းပြားသော မြို့ပြတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ တရုတ်နိုင်ငံက "Ordos" အကြီးဆုံး တစ္ဆေမြို့တော်အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထိုမြို့ဟာ တရုတ်နိုင်ငံနှင့် မွန်ဂိုလီးယားအတွင်းပိုင်းမှာတည်ရှိတာ ဖြစ်ပါတယ်။ ထိုမြို့တော်အကြောင်းကို မဖော်ပြသေးခင်မှာ လတ်တလော အနုပညာရှင် လှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း(E-sports အပါအဝင်)၊ ကမ္ဘာတစ်ဝှမ်းရှိ ဗဟုသုတ သတင်းစုံလင်ကိုတင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားပေးပါဦးနော်။

photo credit pngtree

ထိုမြို့ဟာ လူဦးရေ တစ်သန်းနေထိုင်ဖို့အတွက် တည်ထောင်ခဲ့သော်လည်း နှစ်ရာခိုင်နှုန်းသာ အမှန်တကယ်နေထိုင်ကြတာကြောင့် ကျန်ရှိနေသော နေရာများဟာ နေထိုင်သူမရှိဘဲ ယိုယွင်းပျက်စီးခဲ့ပါတယ်။ ထိုမြို့ကို မွန်ဂိုလီးယားမှာ ကျောက်မီးသွေးရှာဖွေမှု ထွန်းကားခဲ့တဲ့ လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်တည်းက တည်ထောင်ခဲ့တာပါ။ ကျောက်မီးသွေး လုပ်ငန်း ရင်းနှီးမြှုပ်နှံသူများဟာ လူနေတိုက်ခန်း အများအပြားကို အငှားချထားရန် ရည်ရွယ်ပြီး ဆောက်လုပ်ခဲ့ကြပါတယ်။ သို့သော် နေထိုင်မယ့်သူဦးရေဟာ တည်ဆောက်မယ့် အခန်းအရေအတွက်လောက် မများခဲ့တာကြောင့် တည်ဆောက်ရေး လုပ်ငန်းများ ရပ်ဆိုင်းခဲ့ကာ အချို့က မပြီးဆုံးသေးတဲ့ အဆောက်အအုံများကို စွန့်ပစ်ခဲ့ကြပါတယ်။

photo credit pngtree

ယခုအခါမှာတော့ Ordos မြို့ရဲ့လမ်းများဟာ အပြီးမသတ်နိုင်တဲ့ အိမ်များဖြင့် ပြည့်နေကာ ပြီးဆုံးသွားတဲ့ အိမ်များဟာလည်း တန်ဖိုးမြင့်မားလွန်းနေတာကြောင့် နေထိုင်မယ့် သူများမရှိပါဘူး။ ယခင်က နေထိုင်ခဲ့သူများဟာလည်း မြို့ကို စွန့်ခွာခဲ့ကြပြီး ငါးနှစ်တာ အချိန်ကာလအတွင်းမှာ Ordos မြို့ကို လူများ လာရာက်နေထိုင်ကြဖို့ ဈေးနှုန်းတွေကို လျော့ချပေးခဲ့ပါတယ်။ အခန်းဈေးနှုန်းဟာ တစ်စတုရန်းပေကို အမေရိကန် ဒေါ်လာ ၁၁၀၀ မှ ၄၇၀ သို့ ကျဆင်းခဲ့ပါတယ်။ Ordos မြို့မှာ လာရောက် အလုပ်လုပ်ကိုင်မယ့်သူများကို ရုံးခန်းနေရာ၊ အင်တာနက်နှင့် အခြား ဝန်ဆောင်မှုများကို အခမဲ့ဖြည့်ဆည်းပေးလျက်ရှိနေပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။