ပရိသတ်ကြီးရေ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီးတစ်ယောက်ဖြစ်တဲ့ ခင်ဇာခြည်ကျော် ကတော့ တစ်ခေတ်တစ်တစ်ခါက အနုပညာလောမှာ လူကြီး ၊ လူငယ်မရွေး သဘောကျအားပေးချစ်ခင်ခဲ့ရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင်ပိုင်းကလည်း ဘယ်လိုဇာတ်ကောင်တွေမျိုးတွေပဲဖြစ်ဖြစ် သဘာဝကျကျ အကောင်းဆုံး သရုပ်ဆောင်ချက်တွေကြောင့်လည်း အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရရှိထားတာဖြစ်ပါတယ်။ လတ်ရှိမှာတော့ အနုပညာအလုပ်တွေကို အရင်ကထပ်မလုပ်တော့ပေမယ့် ဖြည်းဖြည်းမှန်မှန်နဲ့ လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

Photo & Video Credit - Khin Zar Chi Kyaw
Photo & Video Credit - Khin Zar Chi Kyaw

ခင်ဇာခြည်ကျော် က ယနေ့အချိန်ထိလည်း ချောမောလှပပြီး နုပျိုနေကာ ဆယ်ကျော်သက်တွေတောင် အရှုံးပေးရလောက်တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ချစ်စရာကောင်းတဲ့ သားလေး နဲ့ သမီးလေး နှစ်ယောက်ကိုလည်း အနုပညာလောမှာ နေရာတစ်ခုရရှိအောင် ပံ့ပိုးပေးနေတဲ့ မိခင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။ ခင်ဇာခြည်ကျော် ကတော့ လူငယ်တွေကို လွတ်လပ်ပေါ့ပါးနေပြီး မကြာဏဆိုသလို ချစ်စရာကောင်းအောင် tik tok ဆော့တာကိုလည်း တွေ့ရပါတယ်။

Photo & Video Credit - Khin Zar Chi Kyaw
Photo & Video Credit - Khin Zar Chi Kyaw

ယခုတစ်ခါမှားလည်း မင်းသမီး ခင်ဇာခြည်ကျော် က ပရိသတ်တွေချစ်အားပိုစေမယ့် tik tok ဗီဒီယိုလေးကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ပါတယ်။ ဒီ ဗီဒီယိုလေးထဲမှာတော့ ခင်ဇာခြည်ကျော်က မြန်မာဆန်ဆန်ဝတ်စုံလေးကိုဝတ်ပြီး သီချင်းအတိုင်း မတူညီတဲ့ အိုက်တင်လေးတွေနဲ့ ဆော့ထားတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ လူငယ်တွေလို သွပ်လပ်ပေါ့ပါးပြီး ချစ်စရာကောင်းလောက်အောင်ဆော့ထားတဲ့ ခင်ဇာခြည်ကျော် ရဲ့ tik tok ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - Khin Zar Chi Kyaw

Source - Khin Zar Chi Kyaw facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။