အနုပညာလောကမှာ နှစ်အတော်ကြာရပ်တည်အောင်မြင်နေပြီး ကြည်လင်အေးမြတဲ့ရုပ်ရည်လေးနဲ့ အကယ်ဒမီမင်းသမီး‌ချောလေးစိုးပြည့်သဇင်ကို ပရိတ်သတ်ကြီးအားလုံးသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ဗီဒီယိုဇာတ်ကားများ ကြော်ငြာများနဲ့စတင်အောင်မြင်လာပြီး ပရိတ်သတ်လက်ခံတဲ့ မင်းသမီးချောတစ်ယောက်ပဲဖြစ်ပါတယ်။  စိုးပြည့်သဇင်ဟာ ပညာရေးဘက်ကိုဦးစားပေးပြီးအနုပညာအလုပ်တွေခဏရပ်နားထားခဲ့ပေမယ့် ယခုအခါမှာအနုပညာအလုပ်တွေကိုပြန်လည်ကြိုးစား‌လုပ်ဆောင်နေပြီဖြစ်ပါတယ်။

Photo credit-Soe Pyae Thazin's Facebook acc
Photo credit-Soe Pyae Thazin's Facebook acc

စိုးပြည့်သဇင်ဟာ သရုပ်ဆောင်ကောင်းမွန်တဲ့သူလည်းဖြစ်တာကြောင့် အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း မိုးညအိမ်မက်မြူဆိုတဲ့ကားကြီးနဲ့ ထိုက်ထိုက်တန်တန်ရရှိခဲ့တာပါ။ သူမဟာနောက်ထပ်လည်း ရုပ်ရှင်ကားကြီးတွေအပြင် ဇာတ်လမ်းတွဲများကိုပါရိုက်ကူးနေပြီဖြစ်ပါတယ်နော်။ ပရိတ်သတ်ကြီးလည်း စိုးပြည့်သဇင်ကိုအားပေးကြတယ်မလား။

Photo credit-Soe Pyae Thazin's Facebook acc
Photo credit-Soe Pyae Thazin's Facebook acc

စိုးပြည့်သဇင်ဟာ ရိုးရိုးအေးအေးနေထိုင်တတ်သူတစ်‌ယောက်ဖြစ်ပြီး သူမရဲ့ပုံရိပ်လေးတွေကိုပရိတ်သတ်တွေအတွက် တင်ပေးလေ့ရှိပါတယ်။ မကြာသေးခင်ကလည်း သူမရဲ့Facebookစာမျက်နှာတွင် ချစ်စရာကောင်းတဲ့ဂါ၀န်လေး၀တ်ဆင်ကာ နုပျိုလှပနေတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Soe Pyae Thazin's Facebook acc
Photo credit-Soe Pyae Thazin's Facebook acc

Source-Soe Pyae Thazin's Facebook acc

Photo credit-Soe Pyae Thazin's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။