ပရိသတ်ကြီးရေ.. ပါးချိုင့်အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားအချသ်ပိုစေတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်ကတော့ အကယ်ဒမီမင်းသမီးချော အေးမြတ်သူပဲ ဖြစ်ပါတယ်နော်..။

သရုပ်ဆောင်ကောင်းတဲ့အပြင် ရိုးရှင်းပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ နေထိုင်မှု ဟန်ပန်ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေကအမြဲသဘောကျ အချစ်ပိုနေကြတာပါ..။

Photo Credit - Khun Sai
Photo Credit - Khun Sai

ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မမြတ်လေးကတော့ သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ဝေမျှထားပါသေးတယ်..။

လူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးစွာ ပျော်ရွှင်ရင်း ဓာတ်ဖမ်းထားတဲ့ သူမရဲ့ချစ်စရာပုံရိပ်လေးတွေကတော့ သူမရဲ့ အပြုံးလှလှလေးတွေကို အထင်းသားပေါ်လွင်စေပါတယ်နော်..။

Photo Credit - Khun Sai
Photo Credit - Khun Sai
Photo Credit - Khun Sai

"ကောင်းကင်ပြာပြာကြီးရဲ့အောက်မှာ

မင်းချစ်တဲ့ကောင်မလေးတယောက်...ပျော်ရွှင်နေတယ်

ချစ်သူ ကောင်မလေး က အသက်၃၅ဖြစ်နေတာတော့ ချွင်းချက်ပေါ့နော်

ချစ်ခြင်းမှာ... အသက်အရွယ် က အဓိကမကျပါဘူး

ကိုယ် နဲနဲဆိုးမယ်နော်....." ဆိုပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ဝေမျှထားတာပါ..။

ပရိသတ်တွေကလည်း အပြုံးလီလှလေးတွေနဲ့ လွတ်လပ်ပေါ့ပါးစွာ ပျော်နေတဲ့ မမြတ်လေးရဲ့ ပုံရိပ်လေးတွေကို သဘောကျအချစ်ပိုနေကြပါတယ်နော်..။

Photo Credit - Khun Sai
Photo Credit - Khun Sai
Photo Credit - Khun Sai

Source - Aye Myat Thu's Fb Page

Photo Credit - Khun Sai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။