God of War ရဲ့ main series အဖြစ် ၂၀၁ဝခုနှစ်က နောက်ဆုံးထွက်ရှိခဲ့တဲ့ God of War 3 အပြီးမှာတော့ ယခု သူ့ရဲ့အဆက် God Of War 4 ကို ဂိမ်းသမားတွေအနေနဲ့ ပြန်လည်မြင်တွေ့ခံစားကစားခွင့်ရတော့မှာပါ။ God of War 4 အနေနဲ့ ၂၀၁၈မှာ PlayStation 4 အတွက်ထွက်ရှိလာမှာပါ။ 

E3 2016 နှင့် E3 2017 မှာ ပြသခဲ့တဲ့ Trailer တွေအပြင် Gameplay Video တွေအရ ယခု God of War 4 က ယခင် God of War 1,2,3 မှာ လုံးဝအမြဲ Hack and Slash ကစားနေရကနေ ယခု အချို့ RPG ဆန်ဆန် Gameplayအသစ်တွေကိုပါ Developers တွေဖြစ်တဲ့ SIE Santa Monica Studio ကထည့်သွင်းထားတာတွေရမှာပါ။ ယခုအခါမှာ God of War 4 ကိုThird Person View ဖြင့်ပါ ကစားခွင့်ရရှိလာတော့မှာဖြစ်သလို Crafting လုပ်ဆောင်နိုင်ခြင်းတွေပါ လုပ်နိုင်တော့မှာပါ။ 

God of War 4 အနေနဲ့ ယခုအခါမှာ ယခင် God of War 3 မှာ ဂရိနတ်တွေအားလုံးကို လက်စားချေသတ်ခဲ့တဲ့ Kratos နေရာကနေပဲဆက်ကစားရမှာဖြစ်ပြီး သူ့ရဲ့သားအဖြစ် Atreus ဆိုတဲ့ ကောင်လေးတစ်ယောက်ပါ ပါဝင်လာမှာပါ။ ယခင်အခါက Kratos အနေနဲ့ ချိန်းကြီုးနဲ့ဓားကိုဆက်ထားတဲ့ ဓား၂လက်ပါတဲ့ လက်နက်ကိုင်ခဲ့သော်လည်း ယခုအခါ မှော်ပုဆိန်လက်နက်ပြောင်းသွားပြီး အဆိုပါပုဆိန်က Elements တွေပါဝင်လာမှာဖြစ်ကာ Atreus ကလဲ လေးနှင့်မြားကို အသုံးပြုနိင်တာတွေ့ရပါတယ်။

Hein (Mg Lu Aye)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။