မင်းသမီးချော နန္ဒာလှိုင်ရဲ့မောင်လေးဖြစ်တဲ့သရုပ်ဆောင် မောင်ကတော့ ပရိသတ်တွေရဲ့အားပေးမှုကို ရယူပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ် ။ မောင်က အစ်မဖြစ်သူရဲ့အနုပညာအမွေတွေကို ဆက်ခံခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေ အများအပြားရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ မောင်က အနုပညာအလုပ်တွေကိုရပ်နားထားတာ အချိန်အတော်ကြာရှိနေပြီဖြစ်ပြီး စီးပွားရေးလုပ်ငန်းကိုသာ ဦးစားပေးလုပ်ကိုင်နေတာဖြစ်ပါတယ်။

Photo Credit- "SEIN PHYO & YI" FB Page
Photo Credit- "SEIN PHYO & YI" FB Page
Photo Credit- "SEIN PHYO & YI" FB Page

ဒါပေမယ့်လည်း မောင်က သူ့ကိုဆက်လက်အားပေးနေတဲ့ ပရိသတ်တွေအတွက် ချစ်သူလေးရီရီပွင့်ဖြူနဲ့ နှစ်ယောက်ပေါင်းပြီး Vlog ဗီဒီယိုလေးတွေ ရိုက်ကူးတင်ဆက်ပေးလေ့ရှိတာ ဖြစ်ပါတယ် ။ နှစ်အတော်ကြာအောင် အတူလက်တွဲလာခဲ့တဲ့ မောင်တို့စုံတွဲလေးကတော့ အရမ်းကိုလိုက်ဖက်လွန်းတာ ဖြစ်ပါတယ် ။ အခုလည်း မောင်တို့စုံတွဲလေးက ချိစ်လုပ်နည်းလေးကို နှစ်ယောက်သားတက်ညီလက်ညီ လုပ်ပြပေးထားတာ ဖြစ်ပါတယ် ။

Photo Credit- "SEIN PHYO & YI" FB Page
Photo Credit- "SEIN PHYO & YI" FB Page
Photo Credit- "SEIN PHYO & YI" FB Page

မောင်တို့စုံတွဲလေးက "Mozzarella ချိ ကို homemade လေးလုပ်ကြည့်တာပါ စိန်ရီ တို့လို online မှာတွေ့သမျှ လိုက်လုပ်ကြည့်တတ်တဲ့သူတိုင်းကြုံဖူးမယ်ထင်တယ်..လွယ်လွယ်လေးဆိုပေမယ့်..ကိုယ်လုပ်မှမရတာမျိုးလေ..ဒီချိစ်ကို ၂ခါ Fail ဖြစ်ပြီး ၃ကြိမ်မြောက်မှ အောင်မြင်သွားတယ်..ဘာလို့ ချိစ်မဖြစ်တာလဲ ဆိုတာသိချင်ရင် ဒီ video လေးကို ကြည့်ကြည့်နော်.." ဆိုပြီး ဗီဒီယိုလေးကို တင်ပေးထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ချိစ်လုပ်နည်းလေးကို ကိုယ်တိုင်သရုပ်ပြထားတဲ့ မောင်တို့စုံတွဲရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit- "SEIN PHYO & YI" FB Page

Photo Credit- "SEIN PHYO & YI" FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။