ပရိသတ်ကြီးရေ ဟာသ ဇာတ်ပို့သရုပ်ဆောင် ကိုပေါက်ကတော့ ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရရှိထားတဲ့ သူလည်းဖြစ်ပါတယ်။ ကိုပေါက်က သရုပ်ဆောင်အပြင် ကဗျာရေး ဇာတ်ညွှန်းရေးတဲ့ ဒါရိုက်တာတစ်ယောက်အဖြစ်လည်း အနုပညာလမ်းကြောင်းပေါ်မှာ ရပ်တည်နေသူဖြစ်လို့ ပရိသတ်တွေသာမကပဲ အနုပညာရှင်တွေကပါ ချီးကျူးပြောဆိုနေကြတာလည်းဖြစ်ပါတယ်.......။

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

ကိုပေါက်က အရာရာကို သိတက်နားလည်ပြီး အိမ်ထောင်မှုနိုင်နင်းတဲ့ ဇနီးချောလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဒါ့အပြင် ကိုပေါက်က ချစ်ဇနီးချောလေးနဲ့အတူ သာယာကြည်နှုးပြီး နွေးထွေးပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားကာ ချစ်စရာကောင်းတဲ့ သားသားလေးနှစ်ယောက်ကိုလည်း မွေးဖွားထားတာဖြစ်လို့ အများက အားကျနေရတာလည်းဖြစ်ပါတယ်။ ကိုပေါက်ကတော့ သူရဲ့ လှုပ်ရှားမှုမှန်သမျှကို လူမှုကွန်ယက်စာမျက်နှာကတဆင့် ပရိသတ်တွေဆီကို မျှဝေပေးလေ့ရှိနေတာပါနော်........။  

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

ယနေ့မှာလည်း ကိုပေါက်က အနုပညာလောကရဲ့ နာမည်ကြီး ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ မျိုးမင်းစိုးနဲ့အတူ တွဲဖက်ပြီး ကကွက်ဆန်းလေးတွေထွင်ကာ ကပြထားတဲ့ ဗီဒီယိုဖိုင်လေးတွေကို တင်ပေးလာတာပဲဖြစ်ပါတယ်..။ သခွားသီးကြောက်တက်တဲ့ ဒီဇိုင်နာ မျိုးမင်းစိုးကိုလည်း ကိုပေါက်က ဗီဒီယိုလေးထဲမှာ စနောက်ထားပါသေးတယ်နော်။ ကဲ...ချစ်ရတဲ့ ပရိသတ်တွေလည်း မျိုးမင်းစိုးနဲ့အတူ ရိုက်ကူးထားတဲ့ ကိုပေါက်ရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်..........။

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

Source & Photo credit - Aung Min Naing's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။