အမိုက်စားခန္ဓာကိုယ်နဲ့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲ နိုင်ငံကျော် မင်းသားချောလေး ထူးအောင်ကိုအထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်။ ချောမောခန့်ညားပြီး ယောကျာ်းပီသတဲ့ အမူအရာတွေကြောင့် အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုများစွာကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ စတိုင်စ်အမိုက်စားနဲ့ ဖက်ရှင်အလန်းစားတွေကိုဝတ်ဆင်သူဖြစ်ပြီး သရုပ်ဆောင်ပိုင်နိုင်တာကိုလည်း သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေမှာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

Photo Credit : Bling Bling
Photo Credit : Bling Bling

ထူးအောင်ကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ သူရဲ့ အမိုက်စားခန္ဓာကိုယ်နဲ့ ခန့်ညားအထာကျလွန်းတဲ့ ဖက်ရှင်အလန်းစားနဲ့ ပုံရိပ်လေးတွေကလည်း ကောင်မလေးပရိသတ်တွေကို အချစ်ပိုစေခဲ့တာဖြစ်ပါတယ်။လတ်တလောမှာတော့ ကျစ်လစ်တောင့်တင်းပြီး ဆွဲဆောင်မှု အပြည့်နဲ့ six pack ပေါ်လွင်နေတဲ့ ပုံရိပ် လေးတွေကို သူရဲ့ ဖေ့ဘွတ်အကောင့်မှာဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Bling Bling
Photo Credit : Bling Bling

ပုံလေးတွေတိုင်းမှာ ညို့အားပြင်းပြင်းနဲ့ ဆွဲဆောင်မှုရှိလွန်းတာကြောင့် နူတ်ခမ်းနီမလေးတွေ ကြွေနေတာအမှန်ပဲဖြစ်ပါတယ်။အခုတလောမှာတော့ ထူးအောင်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ ရိုက်ကူးနေရပြီး ပရိသတ်တွေကြားမှာ အရမ်းကို လူကြိုက်များအောင်မြင်နေတာလည်း ဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးတွက် ထူးအောင်ရဲ့ပုံလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

Photo Credit : Bling Bling
Photo Credit : Bling Bling

Source : Htoo Aung Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။